အစိုးရ၏ရက်(၁၀၀)စီမံချက်အား အကောင်အထည် ဖော်နေသည့် ကော့ကရိတ်မြို့နယ် လဝက
အစိုးရ၏ ပြည်သူများအတွက် ရက်(၁၀၀)စီမံချက်အား တိုင်းနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်လည်း မြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဧပြီ ၂၁ ရက်မှစတင်ကာ ဒေသခံများအားဝန် ဆောင်မှုပေးလျက်ရှိသည်။
မြို့နယ် လဝက ဝန်းထမ်းများက ဒေသခံများအား မှတ် ပုံတင်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ သန်းခေါင် စာရင်းပြုလုပ်ပေးခြင်း၊ UID ကဒ်ထုတ်ပေးခြင်းတို့ကို ဝန်ဆောင်မှုပေးလျက်ရှိရာ ကော့ကရိတ်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်မှ ယနေ့ ဧပြီ ၂၄ ရက်က ဒေသခံများကိုအားပေးစကားပြောကြားခဲ့သည်။