Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ မြောင်းထဲထိုးကျ သံဃာတော်(၁)ပါးအပါအဝင် (၈)ဦးဒ-ဏ်ရာရခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး ကြပ်ရေးအဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သံဃာတော်(၁)ပါးအပါအဝင် (၉)ဦးလိုက်ပါမောင်းနှင်လာသော Hilux Surf ကားသည် မိုင်တိုင်အ မှတ် ၁၈၂/၇ နှင့် ၁၈၃/၀ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် သံဃာတော်(၁)ပါး၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၅)ဦးတို့တွင် ထိခို_က်ဒ_ဏ်ရာများရရှိခဲ့သဖြင့် ရွှေဂုံသုခမေတ္တာပရဟိတအသင်းက နေပြည်တော်ကုတင်-၁၀၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။