ခြောက်နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ပြီး သုံးလအကြာတွင်ပင် ထုတ်ပယ်ခဲ့ပေမယ့် စာချုပ်ပါ လျို့ဝှက်ချက်ကြောင့် ရိုဆင်နီယာကို နစ်နာကြေး အပြည့်အဝပေးရမှာ မဟုတ်တဲ့ ချဲလ်ဆီး
======================
ချဲလ်ဆီးဟာ ရာထူးမှ ထုတ်ပယ်လိုက်တဲ့ လီယမ်ရိုဆင်နီယာကို နစ်နာကြေးအပြည့်အဝ ပေးလာရမှာ မဟုတ်ပါဘူး။

ချဲလ်ဆီးဟာ အသင်းကို သုံးလကျော်သာ ကိုင်တွယ်ရသေးတဲ့ ရိုဆင်နီယာအား ဗုဒ္ဓဟူးနေ့တုန်းက ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ၁၉၁၂ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လိဂ် ၅ ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ပြီးနောက် ရိုဆင်နီယာကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးဟာ ရိုဆင်နီယာကို လက်ကျန် စာချုပ်သက်တမ်းအတွက် နစ်နာကြေးအပြည့်အဝ ပေးလာရမှာ မဟုတ်ကြောင်း သိရပါတယ်။

ရိုဆင်နီယာဟာ ဇန်နဝါရီလတုန်းက ထုတ်ပယ်ခြင်းခံရတဲ့ အန်ဇိုမာရက်စ်ကာရဲ့နေရာတွင် ၂၀၃၂ ခုနှစ်အထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာပါ။

ဒါပေမယ့် ချဲလ်ဆီးဟာ ရိုဆင်နီယာကို စာချုပ်သက်တမ်းအတိုင်း နစ်နာကြေး အလုံးစုံပေးလာရမှာ မဟုတ်ဘဲ စာချုပ်ပါအချက်အတိုင်းသာ နစ်နာကြေး ပေးလာရမှာ ဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်စံချိန်တင် ပေါင် ၂၆၂.၄ သန်း အရှုံးပေါ်ထားရာ နစ်နာကြေးအမြောက်အမြားမပေးရအောင် ရှောင်ရှားနိုင်ဖို့အတွက် ရိုဆင်နီယာရဲ့စာချုပ်အတွင်းတွင် နစ်နာကြေးနှင့်ပတ်သက်ပြီး ထည့်သွင်းချုပ်ဆိုမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တဖက်တွင် ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် မသေချာလာမှုနှင့်အတူ ဘဏ္ဍာရေးပိုင်းအပေါ် အကြီးအကျယ် ရိုက်ခတ်လာတော့မှာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဘရိုက်တန်ရှုံးပွဲကြောင့် အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာမှ လီဗာပူးနှင့် ရမှတ် ၇ မှတ်အထိ ကွာဟနေပါတယ်။

တဖက်တွင် အက်စတွန်ဗီလာသာ အဆင့် ၅ နေရာမှာ ရပ်တည်ပြီး ယူရိုပါလိဂ်ချန်ပီယံ ဖြစ်လာမည်ဆိုပါက ချဲလ်ဆီးအနေဖြင့် အဆင့် ၆ တွင် ရပ်တည်လာနိုင်ပါကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေးမျှော်လင့်ချက် ရှိနေပါသေးတယ်။

ချဲလ်ဆီးဟာ ရိုဆင်နီယာနေရာတွင် ယာယီနည်းပြအဖြစ် ကာလမ်မက်ဖာလိန်းအား ခန့်အပ်ထားပါတယ်။

မက်ဖာလိန်းဟာ ဇန်နဝါရီလတုန်းက အန်ဇိုမာရက်စ်ကာ ထုတ်ပယ်ခံရစဉ်တုန်းကလည်း ယာယီနည်းပြအဖြစ် ဆောင်ရွက်ကာ ၂ ပွဲ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ရိုဆင်နီယာရဲ့လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

သူဟာ လာမယ့် တနင်္ဂနွေနေ့တွင် ဝင်ဘာလေကွင်းမှာ လိဒ်နှင့် ကစားရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား ကြီးကြပ်လာပါမယ်။

image