ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်နေရာတွင် အီတလီအား အစားထိုးရန် ဒေါ်နယ်ထရမ့်ရဲ့အထူးသံတမန် ကြိုးပမ်းနေ
====================
ဒေါ်နယ်ထရမ့်ရဲ့ သံမတန်ဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်နေရာမှာ အီတလီကို အစားထိုးနိုင်ရေး ဖီဖာကို တောင်းဆိုနေကြောင်း Financial Times က ဖော်ပြလာပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အီရန်စစ်ပွဲနှင့်ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးလီယိုကို တိုက်ခိုက်မှုကြောင့် အီတလီဝန်ကြီးချုပ်ဂျော်ဂျီယာမီလိုနီနှင့် အဆင်မပြေဖြစ်နေမှုအား ပြေလည်မှု ရရှိစေရေးအတွက် ယခုကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်နေရာမှာ အီတလီနှင့် အစားထိုးရန် ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။

အမေရိကန်အထူးသံတမန်ပါအိုလိုဇမ်ပိုလ်လီက "ထရမ့်နဲ့အင်ဖန်တီနို(ဖီဖာဥက္ကဌ)တို့ကို ကမ္ဘာ့ဖလားမှာ အီရန်နေရာမှာ အီတလီနဲ့အစားထိုးသင့်တယ်လို့ အကြံပြုထားကြောင်း အတည်ပြုနိုင်ပါတယ်။ ကျွန်တော်က အီတလီနွယ်ဖွားပါ။ အီတလီကို အမေရိကအိမ်ရှင်အဖြစ် ကျင်းပတဲ့ ပြိုင်ပွဲမှာ အာဇူရီ(အီတလီ)ကို မြင်တွေ့ခွင့်ရဖို့က အိပ်မက်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၄ ကြိမ်ရထားတဲ့သူတို့မှာ ပါဝင်ဖို့ ခိုင်လုံတဲ့ဂုဏ်သတ္တိရှိပါတယ်"လို့ FT သို့ ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင် ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို အိမ်ဖြူတော်၊ ဖီဖာ၊ အီတလီဘောလုံးအဖွဲ့ချုပ်၊ အီရန်ဘောလုံးအဖွဲ့ချုပ်တို့က တစုံတရာ ဖြေကြားထားခြင်း မရှိပါဘူး။

အီတလီဟာ မတ်လတုန်းက ကမ္ဘာ့ဖလားပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဘော့စနီးယားကို ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ကာ ၃ ကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျခဲ့ပါတယ်။

တဖက်တွင် အီရန်အသင်းက ၎င်းတို့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်တဲ့ ပြင်ဆင်မှုအားလုံးကို ပြုလုပ်ထားကြောင်း ကြေညာထားပါတယ်။

ဧပြီလကမူ အီရန်အသင်းက အမေရိကန်တွင် ကစားမယ့် ကမ္ဘာ့ဖလားအုပ်စုပွဲများကို မက္ကဆီကိုတွင် ပြောင်းကစားရေး ဖီဖာဘက်က တုံပြန်မှု ရရှိလာမှသာလျှင် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရေး ဆုံးဖြတ်လာမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ဖီဖာက အီရန်ရဲ့ အုပ်စုပွဲများကို မက္ကဆီကိုသို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်တဲ့အပြင် အီရန်အသင်းမှာ ရှုံးထွက်အဆင့်သို့ တက်လာပါကလည်း အမေရိကန်တွင် ကစားလာရမှာ ဖြစ်လို့ မဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။

image