Al-Nassr နှင့်အတူ အာရှချန်ပီယံလိဂ် ၂ ဖလားဆွတ်ခူးရေး လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
===================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Nassr နှင့်အတူ ပထမဆုံးထိပ်သီးဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ရေး လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Al-Nassr ဟာ ဧပြီလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့တုန်းက Al‑Ahli Doha ကို ၅-၁ ဂိုးဖြင့် အနိုင်ယူကာ အေအက်ဖ်စီချန်ပီယံလိဂ် ၂ ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ခရစ္စတီယာနိုရော်နယ်ဒို ပွဲထွက်ကစားခဲ့ပေမယ့်လည်း ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ကစားဖော်တွေရဲ့ သွင်းဂိုးတွေနဲ့အတူ အရေးပါတဲ့ နိုင်ပွဲ ရယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်တဲ့ Al-Nassr ဟာ အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲတွင် ဂျပန်ကလပ် ဂမ်ဘာအိုဆာကာနှင့် ရင်ဆိုင်ကစားရပါမယ်။
အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲကို မေလ ၁၇ ရက်နေ့ ရီယာ့ဒ်ရှိ Al-Awwal Park ကွင်းတွင် ကစားသွားပါမယ်။၏
တဖက်တွင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Nassr နှင့်အတူ ပထမဆုံးဆော်ဒီပရိုလိဂ်အမှတ်ပေးဖလားဆွတ်ခူးရန်လည်း အခြေအနေကောင်းနေပါတယ်။
Al-Nassr ဟာ ရာသီသိမ်းရန် ၇ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားအား ဒုတိယနေရာမှ Al-Hilal ကို ရမှတ် ၈ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။