1 ရက် - ဘာသာပြန်ပါ။

မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးအဖွဲ့အစည်းများကို စက်သုံးဆီ(၆၆)ပေပါလှူဒါန်း

ကချင်ပြည်နယ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ်စက် ရုံပြုပြင်ထိန်းသိမ်းနေချိန်၌ ရေ၊ မီးအခက်အခဲဖြစ်ပေါ်မှုလျော့နည်းစေရေးအတွက် မြစ်ကြီးနားမြို့ပေါ်ရှိ ဘာ သာရေးအဖွဲ့အစည်း(၄၁)ခုအတွက် စက်သုံးဆီ(၆၆)ပေပါအား ပြည်နယ်အစိုးရအဖွဲ့ကလှူဒါန်းပေးခဲ့သည်။

အပါး(၃၀)နှင့်အထက် ဘုန်းတော်ကြီးကျောင်းများ/သီ လရှင်ကျောင်းများ (၂၂)ကျောင်းအတွက် စက်သုံးဆီ (၂၂)ပေပါ၊ ခရစ်ယာန်အသင်းတော်(၁၂)ဖွဲ့အတွက် စက်သုံးဆီ(၂၂)ပေပါ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာ သာ၊ ဆစ်ခ်ဘာသာများနှင့် တရုတ်ဘုံကျောင်းစသည့် ဘာသာရေးအဖွဲ့အစည်းများ(၇)ခုအတွက် စက်သုံးဆီ (၂၂)ပေပါတို့ကို ယနေ့ ဧပြီ ၂၁ ရက်တွင် ပြည်နယ်ဝန် ကြီးချုပ်ဦးခက်ထိန်နန်က လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရေးအဖွဲ့အ စည်းများအနေဖြင့် မိမိတို့အသင်းတော်အလိုက် ပြည်သူများအားအဆင်ပြေစေရေးစီမံဆောင်ရွက်ပေးနိုင်ပါရန်နှင့် လိုအပ်သည်များရှိပါက အကူအညီတောင်းဆိုနိုင်ကာ အတတ်နိုင်ဆုံးဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

Photo-ကချင်ပြည်နယ်အစိုးရ

image