1 ပတ် - ဘာသာပြန်ပါ။

တပ်မတော်နှင့် ရဲတပ်ဖွဲ့၏ စွမ်းရည်နှင့်စွမ်းအားမြှင့်တင်ရေးကိုဆက်လက်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့် ရဲတပ် ဖွဲ့၏ စွမ်းရည်နှင့်စွမ်းအားများမြှင့်တင်ရေးကိုဆက် လက်ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၁ ရက်တွင်ကျင်းပသည့် အ မျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအ ဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပြည်တွင်းလုံခြုံရေးနဲ့ပတ်သက်ရင် ရဲတပ်ဖွဲ့မှာတာဝန် ရှိပေမယ့် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရ တပ်မတော်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးပါဝင်ဖြေရှင်းဆောင်ရွက်နေရတာပါ။ တစ်ခြာနိုင်ငံတွေမှာလည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို တပ်မတော်ကဖြေရှင်းတာကိုတွေ့နိုင်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

လွန်ခဲ့သည့် (၅)နှစ်တာအတွင်း ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးနှင့် ပဋိပက္ခနှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အောင်မြင်မှုများစွာရရှိခဲ့၍ စနစ် တကျလေ့ကျင့်ပေးပါက ရဲတပ်ဖွဲ့ဝင်များ၏စွမ်းပကားများ ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ရာ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားတည်ဆောက်ရေး၊ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရမည်ဟု ပြောသည်။

" မိမိတို့တာဝန်ထမ်းဆောင်ချိန် (၅)နှစ်တာကာလအ တွင်းမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မ တော်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ စွမ်းရည်နဲ့စွမ်းအားတွေမြှင့်တင်ပေးဖို့လိုပါတယ်။ စည်းကမ်းပိုင်းဆိုင်ရာမှာလည်း ကောင်းမွန်တဲ့အကျင့်တွေရှိအောင်၊ သွားလာနေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ စည်းကမ်းကောင်းမွန်မှုနဲ့ အဂတိတရားကင်းရှင်းမှုတွေရှိအောင် ဆောင်ရွက်ပေးရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရပ် ကွက်ကျေးရွာအဆင့်၊ မြို့နယ်အဆင့်များမှ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးအခြေခံသဘောတရားများကိုသိရှိနားလည်သော စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်ရန် လိုကာ အုပ်ချုပ်ရေးအဖွဲ့များ အဂတိများကင်းရှင်းရန်၊ စွမ်းရည်ရှိသည့်အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ် တကျလေ့ကျင့်ရန်လည်း မှာကြားခဲ့သည်။

image