ရက်ဖို့ဒ်၊ ချဲလ်ဆီးစတားဟောင်းအပါအဝင် နွေရာသီတွင် ထွက်ခွာခွင့်ပေးလာမယ့် ဘာစီလိုနာကစားသမား ၅ ဦးအမည်ထွက်ပေါ်လာ
=====================
ဘာစီလိုနာဟာ နွေရာသီတွင် အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်တဲ့အနေဖြင့် ကစားသမား ၅ ဦးအား ထွက်ခွာခွင့်ပေးလာတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်အား ၉ မှတ်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး လာလီဂါဖလားအား ၂ ကြိမ်ဆက် ဆွတ်ခူးရန် အခြေအနေကောင်းနေပါတယ်။
ဒါပေမယ့် ဘာစီလိုနာဟာ အက်သလက်တီကိုအား ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ရာသီအကုန်တွင် အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်ထားပါတယ်။
စပိန်မီဒီယာများရဲ့ ဖော်ပြလာမှုအရ ဘာစီလိုနာဟာ နွေရာသီတွင် ကစားသမား ၅ ဦးကို ထွက်ခွာခွင့်ပေးလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ယင်းအထဲတွင် မားကပ်စ်ရက်ဖို့ဒ်လည်း ပါဝင်ပါတယ်။ ဘာစီလိုနာဟာ ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ရက်ဖို့ဒ်ကို ပေါင် ၂၆ သန်းဖြင့် အပြီးသတ် ဝယ်ယူနိုင်တဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားပေမယ့် စာချုပ်အတိုင်း လုပ်ဆောင်လာတော့မှာ မဟုတ်ပါဘူး။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ၁၂ ဂိုးသွင်းကာ ၁၃ ကြိမ်ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။
အစောပိုင်းတုန်းက ဘာစီလိုနာဟာ ရက်ဖို့ဒ်ကို အသင်းတွင် ဆက်ထိန်းထားမယ်လို့ ယုံကြည်ခဲ့ရပေမယ့် ကမ်းလှမ်းမှု မပြုလုပ်လာတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း ရက်ဖို့ဒ်ဟာ နွေရာသီတွင် အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားပြီးပါက အသင်းဟောင်းယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းလာရတော့မှာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာမှ ထွက်ခွာလာရမယ့် နောက်တစ်ဦးကတော့ ဝါရင့်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးဖြစ်ပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ ဘာစီလိုနာအတွက် အရေးပါတဲ့ တိုက်စစ်မှူးအဖြစ် ကစားနေဆဲဖြစ်ပြီး ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာဟာ လီဝန်ဒေါ့စကီးရဲ့အသက်အရွယ်ကြောင့် အသင်းရဲ့ တိုက်စစ်ကို သွေးသစ်လောင်းရန် စီစဉ်လာပါတယ်။
ဒါ့အပြင် ဘာစီလိုနာဟာ တစ်ပတ်လုပ်ခ ယူရို ၄၀၀၀၀၀ ဝန်းကျင်ပေးနေတဲ့ ကွင်းလယ်ကစားသမားဖရန်ကီဒီယွန်ကိုလည်း အသင်းရဲ့ဘဏ္ဍာရေးဟန်ချက်ညီလာစေရန်အတွက် ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ချဲလ်ဆီးနောက်ခံလူဟောင်းအင်ဒရီယပ်စ်ခရစ်တင်ဆင်၊ အကယ်ဒမီထွက် မာ့ခ်ကာဆာဒိုတို့ကိုလည်း ထွက်ခွာလာပါမယ်။
ဘာစီလိုနာတွင် ကစားတဲ့ ခြောက်ရာသီအတွင်း ၁၆၁ ပွဲကစားထားတဲ့ ခရစ်တင်ဆင်ဟာ ရာသီအကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးလာမယ့်သူလည်း ဖြစ်ပါတယ်။
ကာဆာဒိုမှာ ၂ နှစ်စာချုပ်သက်တမ်းကျန်နေသေးပေမယ့်လည်း ကလပ်တွင် အရေးပါတဲ့အခန်းကဏ္ဍမှ ကစားခွင့်ရနေသူလည်း မဟုတ်ပါဘူး။
ကွင်းလယ်ခံစစ်ကစားသမာဟာ ပီဒရို၊ ဂါဗီ၊ အဲရစ်ဂါစီယာတို့ ရှိနေမှုနှင့်အတူ နောက်ဆုံး လာလီဂါ ၈ ပွဲတွင် ၁ ပွဲတည်းသာ ပွဲထွက်ခွင့်ရထားပါတယ်။