ဝက်စ်ဟမ်းဒုဥက္ကဌရာထူးမှ ဘရာဒီ နုတ်ထွက်လာ
======================
ဘာရိုနက်စ်ကာရန်ဘရာဒီဟာ ၁၆ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်လာခဲ့တဲ့ ဝက်စ်ဟမ်းဒုဥက္ကဌရာထူးမှ နုတ်ထွက်လာပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ဟာ ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ပူးတွဲဥက္ကဌများဖြစ်ကြတဲ့ ဒေးဗစ်ဆူလီဗန်နှင့် ဒေးဗစ်ဂိုးတို့ရဲ့ ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ဧပြီလ ၁၅ ရက်ကတည်းက ရာထူးမှ ထွက်ခွာခဲ့တာပါ။

The Times သို့ ပြောကြားလာမှုအရ သူမဟာ ဇန်နဝါရီလတွင် ဝက်စ်ဟမ်းဒုဥက္ကဌရာထူးမှ နုတ်ထွက်ရန် စဉ်းစားလာခဲ့ပြီးနောက် ဖေဖော်ဝါရီလအလယ်ပိုင်းတွင် ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။

ဘရာဒီက "အမှတ်ရစရာ မှတ်တိုင်တွေ အတူတကွ အများကြီးရရှိခဲ့ပေမယ့် အမှတ်ရဖို့ အကောင်းဆုံးကတော့ ယူအီးအက်ဖ်အေယူရိုပါကွန်ဖရင့်လိဂ်ဖလားကိုင်မြှောက်နိုင်ခဲ့တာပါ။ ဒီအခိုက်အတန့်ကတော့ ကျွန်မနဲ့အတူ အမြဲ ရှိနေမှာပါ။ ကလပ်မှာ ကျွန်မရှိနေစဉ်အတွင်း ပုံဖော်ခဲ့တဲ့ ဆက်ဆံရေး၊ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအတွက် အမြဲကျေးဇူးတင်နေမှာပါ"လို့ ပြောကြားသွားပါတယ်။

ဝက်စ်ဟမ်းပူးတွဲဥက္ကဌဆူလေဗန်က ဘရာဒီမှာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းနှင့် ကလပ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်သူ ဖြစ်ကြောင်း ဆိုထားပါတယ်။

image