6 ရက် - ဘာသာပြန်ပါ။

အီတလီအသင်းကို ကိုင်တွယ်လိုပါက လုပ်ခများစွာ လျှော့ယူရမယ့် ကွန်တီ
=====================
အန်တိုနီယိုကွန်တီဟာ ရာသီအကုန်တွင် နာပိုလီအသင်းမှ ထွက်ခွာကာ အီတလီအသင်းကို ကိုင်တွယ်မည်ဆိုပါက လုပ်ခများစွာ လျှော့ယူလာရမှာ ဖြစ်ကြောင်း သိရပါတယ်။

အီတလီဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဘော့စနီးယားကို အရေးနိမ့်ကာ ခြေစစ်ပွဲကျပြီးနောက် နည်းပြဂတ်တူဆို နုတ်ထွက်သွားရာ နည်းပြလက်မဲ့ ဖြစ်နေပါတယ်။

ကွန်တီဟာ လစ်လပ်နေတဲ့ အီတလီနည်းပြရာထူးအတွက် အေစီမီလန်နည်းပြမက်ဆီမိုအယ်လီဂရီနှင့်အတူ ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

ကွန်တီဟာ အီတလီအသင်းကို ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်း ကိုင်တွယ်ဖူးသူ ဖြစ်ပြီး နာပိုလီနှင့် တစ်နှစ်စာချုပ်သက်တမ်းကျန်နေသေးပေမယ့် အီတလီအသင်းကို ပြန်လည်ကိုင်တွယ်ရန် စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့် ယနေ့တွင် TMW ရဲ့ ဖော်ပြလာမှုအရ ကွန်တီဟာ အီတလီအသင်းကို ကိုင်တွယ်မည်ဆိုပါက လုပ်ခများစွာ လျှောယူလာရမှာ ဖြစ်ကြောင်း သိရပါတယ်။

ကွန်တီဟာ နာပိုလီတွင် တစ်နှစ်လုပ်ခ ယူရို ၆.၅ သန်း ရရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက အပိုဆုကြေး ယူရို ၂.၅ သန်း အကျိုးခံစားခွင့် ရရှိနေပါတယ်။

ဒါပေမယ့် လက်ရွေးစင်အသင်းမှာတော့ နည်းပြချုပ်က အခြေခံလစာ ယူရို ၃ သန်းကျော်မျှသာ ပေးနိုင်ပါတယ်။

ကွန်တီဟာ အီတလီအသင်းကို ကိုင်တွယ်စဉ်တုန်းက ရုပ်ပုံလွှာမူပိုင်ခွင့်ကြောင်း PUMA ရဲ့ စပွန်ဆာကြေးပေးချေမှုကြောင့် ယူရို ၄.၅ သန်းအထိ ရရှိခဲ့ပါတယ်။

image