မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် ဧပြီ ၁၉ ရက်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းက မြန် မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ်ခြင်းယဉ်ကျေးမှုအစဉ်အလာကို မိတ်ဆက်ပြောကြားခဲ့သည်။
ထို့နောက် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒု-ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျင်းယို့ပေါင်၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင် စစ်ဝန်ချုပ်များနှင့် တက်ရောက်လာကြသူများက မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်မှုကိုကြည့်ရှုလေ့လာပြီး လက်တွေ့ပါဝင်လိမ်းခြယ်ခဲ့ကြသည်။
အဆိုပါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာရိုးရာမဟာသင်္ကြန်ကျင်းပရခြင်း၏ အဓိပ္ပာယ်၊ သမိုင်းကြောင်းတို့ကိုရှင်း လင်းပြောကြားခဲ့ပြီး ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များမှ မြန်မာဘာသာဌာနတွင် ပညာသင်ကြားလျက်ရှိသည့် တရုတ်နိုင်ငံသားကျောင်းသား၊ ကျောင်းသူများ၊ မြန်မာ နိုင်ငံသား ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းပညာသင်များက သင်္ကြန်အဆို၊ အကများဖြင့် အဖွဲ့လိုက် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။