အီတီဟတ်တွင် "ယုဒ"လို့ ခေါ်ဝေါ်လာတဲ့ မန်စီးတီးပရိသတ်ကို ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ ဂျေဆူး
======================
ဂါဘရီရယ်ဂျေဆူးဟာ သူ့ကို 'ယုဒ'လို့ ခေါ်ဝေါ်တဲ့ မန်စီးတီးပရိသတ်အား 'ဒီမှာ ဆုဖလား ၁၁ လုံးရခဲ့တယ်'လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ တနင်္ဂနွေနေ့ညတုန်းက မန်စီးတီးအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် အရန်စာရင်းထဲမှာသာ ပါဝင်ခဲ့ပြီး ဝင်ကစားခွင့်မရခဲ့ပါဘူး။
သူဟာ ဒုတိယပိုင်းတွင် ကွင်းဘေးတွင် သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် မန်စီးတီးပရိသတ်တစ်ဦးရဲ့ အော်ဟစ်ပြောဆိုခြင်းခံခဲ့ရပါတယ်။
မန်စီးတီးပရိသတ်တစ်ဦးက "ယုဒ ပွဲရလဒ် ဘယ်လိုလဲကွ၊ ယုဒ၊ ယုဒ"လို့ အော်ဟစ်ခဲ့ပါတယ်။
ထိုအခါ ဂျေဆူးကလည်း ယင်းပရိသတ်ဆီသို့ ဦးတည်လမ်းလျှောက်သွားပြီး ကိုယ့်ကိုယ်ကို လက်ညှိုးထိုးကာ 'ငါ ဒီမှာ ဆုဖလား ၁၁ လုံးရခဲ့တယ်ကွ"လို့ တုံ့ပြန်ခဲ့ပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပါးမီးရပ်စ်မှ မန်စီးတီးသို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ မန်စီးတီးအတွက် ၂၃၆ ပွဲကစားခဲ့ရာတွင် ၉၅ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူများစာရင်းမှာ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
သူဟာ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလား ၁၁ လုံး ရရှိခဲ့ပြီး လွန်ခဲ့တဲ့လေးနှစ်တုန်းက အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ၄ နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့ပါတ