23 နာရီ - ဘာသာပြန်ပါ။

မြစ်ကြီးနားမြို့ရှိ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်မီးအားသွင်းခြင်းဝန်ဆောင် မှုလုပ်ငန်းများဆောင်ရွက်ပေးနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လျှပ်စစ်ဌာနနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်မီးအားသွင်းခြင်းဝန်ဆောင်မှုလုပ်ငန်းများကို နေ့စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ မီးစက်ဝင်း၊ မြို့သစ်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် အရေးပေါ်မီးပျက်တိုင်ကြားရန်ဌာန၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်းတို့၌ လျှပ်စစ်မီးအားသွင်းခြင်းဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝန်ဆောင်မှုပေးနေသည့်နေရာများအား ကချင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ ဧပြီ ၁၈ ရက်ည နေပိုင်းကသွားရောက်၍ နေ့စဉ် လျှပ်စစ်မီးဖြင့် အသုံး ပြုသည့် EV ဆိုင်ကယ်၊ ဖုန်း၊ Power Bank များ၊ အားသွင်းမီးသီး/မီးလုံးများအားဖြည့်သွင်းနိုင်ရန် ပလပ်ခုံများပြုလုပ်ထားမှု၊ လျှပ်စစ်မီးအားသွင်းသုံးစွဲနိုင်ရေး မီးစက်ဖြင့် အားသွင်းပလပ်ခုံများပြုလုပ်၍ ဝန်ဆောင် မှုပေးနေမှု၊ လျှပ်စစ်ဓာတ်အားဖြည့်သွင်းနေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြေမြင့်ရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ အောင်နန်းရပ် ကွက်တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း မီးစက်များအသုံးပြု၍ လျှပ်စစ်အားသွင်းနိုင်ရေးစီစဉ်ပေးထားမှုကို ပြည်နယ်ဝန်ကြီးချုပ်ကကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအတွက် (၈ ပေ×၄ ပေ)ဆိုလာပြားနှင့် 1800W ရှိ Power Station တစ်စုံစီ(စုစုပေါင်း ၁၈ စုံ)ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း အဓိကလျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ချီဖွေငယ်ရေအားလျှပ် စစ်စက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင် ရွက်နေသည့် ရက်သတ္တပတ်နှစ်ပတ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်မီးနှင့် ရေအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် လုပ်ငန်းစီမံချက်ဖြင့်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image