2 ရက် - ဘာသာပြန်ပါ။

ဂီရိုနာနှင့် သရေကျကာ လာလီဂါဖလားအတွက် ထိုးနှက်ချက်ကြုံလာတဲ့ ရီးရဲလ်မက်ဒရစ်
======================
ရီးရဲလ်မက်ဒရစ်ဟာ ဘာနေဗျူးကွင်းမှာ ဂီရိုနာနှင့် တစ်ဂိုးစီသရေကျပြီးနောက် လာလီဂါဖလားချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေး အလွန်နည်းပါးလာခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂီရိုနာကို အနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၄ မှတ်သာ ကွာဟလာတော့မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။ ဘာစီလိုနာက ယနေ့ စနေနေ့မှာမှ မြို့ခံပြိင်ဘက် အက်စ်ပန်ညိုနှင့် ရင်ဆိုင်ရပါမယ်။

ဒါပေမယ့် ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်တို့ သရေကျလာမှုနှင့်အတူ ကတ်တလန်ဒါဘီပွဲစဉ်မှာ အနိုင်ရလာပါက ၉ မှတ်အထိ ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်လာနိုင်တော့မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂီရိုနာနှင့် သရေကျမှုနှင့်အတူ ပြိုင်ပွဲအရပ်ရပ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယပိုင်း အစ ၆ မိနစ်မှာ ဗယ်ဗာဒီရဲ့ ဧရိယာအစပ်မှ အနိမ့်ကန်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၁၁ မိနစ်အကြာမှာ သောမတ်စ်လီမာက ပြန်လည်ချေပဂိုးသွင်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက မာယော့ကာကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သလို ကြားရက်တုန်းကလည်း ဘိုင်ယန်မြူးနစ်အား ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ အရေးနိမ့်ခဲပါတယ်။

အာဘီလိုအာဟာ မာယော့ကာနှင့်ပွဲမှာတုန်းက ချန်ပီယံလိဂ်ပွဲရှိနေလို့ အရန်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း ယခု ဂီရိုနာနှင့်ပွဲမှာ ဘယ်လင်ဂမ်၊ ဗီနီရှပ်စ်၊ ဘက်ပေးတို့ကို ပွဲထွက်လူစာရင်းမှာ မထည့်သွင်းတာကလွဲရင် အင်အားအပြည့်နဲ့ ရင်ဆိုင်ခဲ့တာပါ။

image