ပြည်သူလူထုဆန္ဒကို လေးစားစွာနဲ့ နိုင်ငံ့တာဝန်ကို ဂုဏ်ယူစွာ ထမ်းဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

"ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့အတွက် ပြည်သူလူထုဆန္ဒကို လေးစားစွာနဲ့ နိုင်ငံ့တာဝန်ကို ဂုဏ်ယူစွာ ထမ်းဆောင်မှာ ဖြစ်ပါတယ်။ နိုင်ငံနဲ့ပြည်သူအကျိုးကို ထိရောက်စွာဆောင်ရွက်သွားပါမယ်။ အစိုးရအသစ်အနေနဲ့ နိုင်ငံတကာဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံများနဲ့ အာဆီယံနဲ့ ဆက်ဆံရေးတွေကို တည်ဆောက်သွားပါမယ်။ ကျွန်တော်တို့အစိုးရဟာ နိုင်ငံသားတိုင်း ဥပဒေရဲ့အကာအကွယ်ကို အပြည့်အဝရရှိစေဖို့ ဖော်ဆောင်သွားပါမယ်" မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

image