မြန်မာနိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ လွှတ်တော်၀န်းမှ ပြန်လည်ထွက်ခွာ

ယနေ့ ဧပြီ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ကျင်းပမည့် မြန်မာနိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် ပြည်ထောင်စုအဆင့် ခန့်အပ်တာဝန်ပေးခံရသော သက်ဆိုင်ရာ အစိုးရဌာနအသီးသီးမှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးများ ကတိသစ္စာပြုကာ စတင်တာဝန်ယူခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားအပြီး မြန်မာနိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ ပြည်ထောင်စုလွှတ်‌ေတာ်မှ ပြန်လည်ထွက်ခွာသည့် မြင်ကွင်းများဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံတကာ ကိုယ်စားလှယ် ၅၀ ဦး၊ နိုင်ငံပေါင်း ၂၃ နိုင်ငံ နှင့် အဖွဲ့အစည်း ၂ ခု အပြင် ပြည်တွင်း လေ့လာသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်

image