ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်(၆)ဦးကိုခန့်အပ်တာဝန်ပေး

ဒေါ်ခင်မျိုးမြင့်၊ ဦးစိုးတင့်၊ ဒေါက်တာစုစုဒွေး၊ ဦးထွန်းထွန်းဝင်း၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါက်တာခင်ချစ်ချစ်တို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၁၉ / ၂၀၂၆ ဖြင့် ယနေ့ ဧပြီ ၁၀ ရက်ကထုတ်ပြန်ခဲ့သည်။

၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆၊ ပုဒ်မခွဲ (ခ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၂)နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေပုဒ်မ ၅ တို့အရခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် သည်။

image