3 ပတ် - ဘာသာပြန်ပါ။

ဒဏ်ရာခွဲစိတ်ကုသမှု လိုလာနိုင်လို့ ရာသီအကုန်အထိ နားရတော့မယ့် စပါးစ်ရဲ့ ကူဒပ်စ်
==================
စပါးစ်တောင်ပံကစားသမားမိုဟာမက်ကူဒပ်စ်ဟာ ပေါင်ခြံဒဏ်ရာ ထပ်မံကြုံတွေ့လာရပြီးနောက် ခွဲစိတ်ကုသမှုခံယူလာရဖို့ ရှိနေပါတယ်။

ဂါနာလက်ရွေးစင်ကစားသမားဟာ ဇန်နဝါရီလ ၄ ရက်နေ့ ဆန်းဒါးလန်းနှင့်တစ်ဂိုးစီသရေကျတဲ့တွင် လူစားလဲခဲ့ရပြီးနောက် အနားယူလာခဲ့ရသူလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိ ဝက်စ်ဟမ်းအလယ်တန်းကစားသမားဟောင်းဟာ ယခုအပတ်တွင် ပြန်လည်ကစားလာနိုင်မယ်လို့ ယုံကြည်နေကာ ရာသီသိမ်ပွဲ ၇ ပွဲတွင် ပါဝင်နိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါ စပါးစ်က ကူဒပ်စ်မှာ ပြီးခဲ့တဲ့အပတ်တုန်းက အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် အထူးစပါယ်ရှယ်လစ်နှင့် ပြသရဖို့ရှိနေကာ ခွဲစိတ်ကုသမှု ခံလာရနိုင်ကြောင်း ကြေညာလာပါတယ်။

ကူဒပ်စ် ရာသီအကုန်အထိ အနားယူလာရမှုက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာတွင် ရပ်တည်နေတဲ့ ရောဘတ်တိုဒီဇာဘီရဲ့ စပါးစ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ဝက်စ်ဟမ်းမှ ပေါင် ၅၅ သန်းဖြင့် ပြောင်းလာတဲ့ ကူဒက်စ်ဟာ နွေရာသီ ကမ္ဘာ့ဖလားတွင် ဂါနာနှင့်အတူ ယှဉ်ပြိုင်ရေး အပြင်းအထန် ကြိုးစားလာရတော့မှာလည်း ဖြစ်ပါတယ်။

ဂါနာဟာ ဇွန်လ ၁၈ ရက်နေ့တွင် ပနားမားနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲကစားပြီးနောက် ဇွန်လ ၂၃ ရက်နေ့တွင် အင်္ဂလန်နှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် ခရိုအေးရှားနှင့်လည်းကောင်း အုပ်စုပွဲများ ကစားရပါမယ်။

image