1 ပတ် - ဘာသာပြန်ပါ။

လူကြီးလူကောင်းပီသစွာ လီဗာပူးလူငယ်ကစားသမားနှင့် အင်္ကျီလဲလှယ်ရန် မိနစ် ၂၀ စောင့်ဆိုင်းပေးခဲ့တဲ့ ပီအက်စ်ဂျီစတားဗီတင်ဟာ
==================
ပီအက်စ်ဂျီစတားဗီတင်ဟာဟာ လီဗာပူးအား အနိုင်ရတဲ့ပွဲအပြီးတွင် ကတိအတိုင်း ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ Parc des Princes တွင် လီဗာပူးအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မတိုင်မီ လီဗာပူးဆယ်ကျော်သက်ကစားသမားထရေးညိုနီကို ပွဲအပြီးတွင် အင်္ကျီလဲလှယ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ပီအက်စ်ဂျီအလယ်တန်းကစားသမားဟာ ပွဲအပြီးတွင် အဝတ်အစားလဲခန်းအတွင်းသို့ ချက်ချင်းဝင်ရောက်သွားခြင်း မရှိဘဲ ကတိအတိုင်း စောင့်ဆိုင်းပေးခဲ့ပါတယ်။

ဗီတင်ဟာဟာ အသက် ၁၈ နှစ်အရွယ်ရှိ ညိုနီမှာ ပွဲအပြီး ကြံ့ခိုင်မှုလေ့ကျင့်ခန်း လုပ်နေရမှုနှင့်အတူ မိနစ် ၂၀ တိုင်တိုင် ကွင်းအတွင်း မတ်တပ်ရပ်ကာ စောင့်ဆိုင်းပေးခဲ့ပါတယ်။

ဗီတင်ဟာဟာ လီဗာပူးနှင့်ပွဲတွင် ပွဲချိန်ပြည့်ကစားခဲ့သူ ဖြစ်ပြီး ဘောလုံးပေးပို့မှု ၁၃၃ ကြိမ် ပြုလုပ်ခဲ့ရာမှာ ၉၆ ရာခိုင်နှုန်းအောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။

image