ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ပွဲအပြီးတွင် အင်တာဗျူးပြုလုပ်ရန် ငြင်းဆိုခဲ့တဲ့ မိုဟာမက်ဆာလက်
====================
မိုဟာမက်ဆာလက်ဟာ ပီအက်စ်ဂျီအား ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့တွင် ရှုံးနိမ့်ပြီးနောက် အင်တာဗျူးပြုလုပ်ရန် ငြင်းဆိုခဲ့ပါတယ်။
Parc des Princes ပွဲစဉ်တွင် ၂-၀ ဖြင့် ရှုံးနိမ့်ပြီးနောက် စိတ်ပျက်နေတဲ့ မိုဟာမက်ဆာလက်ဟာ ကွင်းအတွင်းမှ ထွက်ခွာလာချိန်တွင် လီဗာပူးဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်က အင်တာဗျူးပြုလုပ်ရန် စောင့်ဆိုင်းနေခဲ့ပေမယ့်လည်း ငြင်းဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီနှင့်ပွဲတွင် အရန်အဖြစ်ပင် ဝင်ရောက်ကစားခွင့်မရခဲ့တဲ့ အီဂျစ်စူပါစတားဟာ ကစားဖော်များက အဝတ်အစားလဲခန်းသို့ ဝင်သွားချိန်တွင် TNT Sports နှင့် အင်တာဗျူးပြုလုပ်ရမှာ ဖြစ်ပေမယ့် ယင်းကို ဦးတည်လမ်းလျှောက်လာပြီးမှ အင်တာဗျူးပြုလုပ်ရန် ငြင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းသို့ အင်တာဗျူးမှု ပြုလုပ်ရန် ငြင်းဆိုခဲ့ပေမယ့်လည်း TNT Sports မှ ဘောလုံးဝေဖန်ရေးသမားစတီဗင်ဂျရတ်က မိုဟာမက်ဆာလက်ကို ကာကွယ်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
မိုဟာမက်ဆာလက်ဟာ ပီအက်စ်ဂျီနှင့်ပွဲတွင် အရန်အဖြစ်ပင် ဝင်ရောက်ကစားခွင့် မရခဲ့ပေမယ့်လည်း ပရော်ဖက်ရှင်နယ်ပီသစွာပင် ကွင်းဘေးတွင် သွေးပူလေ့ကျင့်ခန်းပြုလုပ်နေမှုနှင့်အတူ ယင်းအပြုအမူအတွက် ချီးကျူးခြင်းခံနေရပါတယ်။
လီဗာပူးဟာ ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ပွဲတွင် ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မျှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။