ဥရောပထိပ်သီးကလပ်အား ကိုင်တွယ်ပြီး လအနည်းငယ်အတွင်းတွင် နေအိမ်ဖောက်ထွင်းခြင်းခံလာရတဲ့ နည်းပြ
===================
မာဆေးနည်းပြဟာဘစ်ဘီယီဟာ မာဆေးအသင်းအား ကိုင်တွယ်ပြီးနောက် လအနည်းငယ်အတွင်းတွင် နေအိမ်ဖောက်ထွင်းခြင်းခံလာရပါတယ်။
La Dépêche du Midi ရဲ့ဖော်ပြလာမှုအရ ဘီယီဟာ အင်္ဂါနေ့ညနေတုန်းက အပြင်ရောက်နေစဉ် နေအိမ်ကို သူခိုးများ ဖောက်ထွင်းခြင်းခံခဲ့ရတာ သိရပါတယ်။
သူခိုးများဟာ နယူးကာဆယ်စတားဟောင်းရဲ့ နေအိမ်ကို ဖောက်ထွင်းပြီးနောက် တန်ဖိုးကြီးသားရေပစ္စည်းများ၊ အဝတ်အစားများ၊ Louis Vuitton အမှတ်တံဆိပ်ပစ္စည်းများ ရယူသွားခဲ့ကြပါတယ်။
လက်ရှိအချိန်တွင် ဘီယီရဲ့နေအိမ်ဖောက်ထွင်းမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
ဘီယီဟာ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း မာဆေးတွင် ကစားခဲ့ဖူးသူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တုန်းက မာဆေးနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာပါ။
သူဟာ ၂၀၀၅ ခုနှစ်တုန်းက မာဆေးတွင် ကစားနေစဉ် ဖူဗိုးရှိ နေအိမ်မှ ကားလုယက်ခြင်းခံခဲ့ရဖူးပါတယ်။
ထိုစဉ်တုန်းက ကားလုယက်သူများဟာ လမ်းကို အမှိုက်ပုံးများဖြင့် ပိတ်ဆို့ပြီး ဘီယီအား ရပ်တန့်စေခဲ့သလို နောက်မှ ကားနှစ်စီးဖြင့်လည်း ပိတ်ဆို့မှု ပြုလုပ်ကာ ကားသေ့တောင်းပြီး Mercedes 500 ကို ရယူသွားခဲ့ကြပါတယ်။