12 နာရီ - ဘာသာပြန်ပါ။

နေပြည်တော် ခုတင် (၃၀၀) ဆေးရုံတွင် အပူဒ_ဏ်အန္တာရာယ်ကုသရေးအတွက် ပြင်ဆင်ထား

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် (၃၀၀) ပြည်သူ့ဆေးရုံးကြီး၌ အပူချိန်ပြင်းထန်သည့် နွေရာသီကာလတွင် အပူဒ_ဏ်သင့်၍ လာရောက်ပြည်သသည့် လူနာများကိုကုသမှုပေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

လေအေးပေးစက်များ တပ်ဆင်ထားသည့် သီးသန့်အခန်းများတွင် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ ပြင်ဆင်ဖြည့်တင်းထားရှိခြင်း၊ ရေငွေ့ထုတ်ပန်ကာများ နှင့် ရေခဲသေတ္တာများ ပြင်ဆင်ထားရှိကြောင်း သိရသည်။

ဆေးရုံဝန်ထမ်းများကိုလည်း အပူဒ_ဏ်သင့်လူနာများအရေးပေါ်ကုသမှုအတွက် စနစ်တကျလေ့ကျင့်ထားပြီး အပူဒ_ဏ် အန္တာရာယ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။

image