12 နာရီ - ဘာသာပြန်ပါ။

ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်မည့် ပုဂ္ဂိုလ်များအမည်စာရင်းကိုအတည်ပြုမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့အား ယနေ့ ဧပြီ ၉ ရက်နံနက် ၁၀ နာရီ၌ကျင်းပမည်ဖြစ်ရာ ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်များအမည်စာရင်းကိုအတည်ပြုကြေညာမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကတင်ပြထားသော ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်များကို လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူကာ လွှတ်တော်ကသဘောတူကြောင်းကြေညာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတကတင်ပြထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ်ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်များကို လွှတ်တော်ကိုယ်စားလှယ်များ၏သဘောထားရယူကာ လွှတ်တော်ကသဘောတူကြောင်းကြေညာမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ်ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်များကို လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူကာ လွှတ်တော်က သဘောတူကြောင်းကြေညာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယကမှ ဥပဒေကြမ်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းတို့အတွက် လွှတ်တော်၏ သဘောတူညီချက် ရယူကာ အတည်ပြုဖွဲ့စည်းကြောင်းကြေညာမည်ဖြစ်ကြောင်း သိရသည်။

image