12 နာရီ - ဘာသာပြန်ပါ။

(၇၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဧပြီ ၈ ရက်နံနက်ပိုင်းကကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ပြီးနောက် ပြည်သူ့ဆက်ဆံရေးသည် အဖွဲ့အစည်းတစ်ခုနှင့်လူထုကြား အပြန်အလှန်အကျိုးရှိသည့်ဆက်ဆံရေးကိုထူထောင်ရသည့် ဆက်သွယ်ရေးမဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကာ စိတ်ဓာတ်စစ်ဆင်ရေးသည် တပ်မတော်(ကြည်း၊ရေ၊လေ) အင် အားစုကြီးတစ်ခုလုံးကို စိတ်ဓာတ်နှင့်တည်ဆောက်ပြီး ပြည်သူကြားက မွေးဖွားလာသည့် တပ်မတော်နှင့်ပြည်သူကိုတစ်သားတည်းဖြစ်စေသည်အထိ စွမ်းပကားကြီး မားသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်အတွက် ပညာပြည့်ဝသည့်လူသားအရင်းအမြစ်များ များစွာလိုအပ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများအတွက်လည်း ပညာပြည့်ဝသည့် တပ်မတော်သားအရင်းအမြစ်များ များစွာရှိနေရန်လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။

ထို့အတူ တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေရမည့် အခိုင်မာဆုံးသောအဖွဲ့အစည်းတစ်ခုဖြစ်ကာ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည့် တပ်မတော်တစ်ရပ်အနေဖြင့် အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသည့် တပ်မတော်သားအရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ်ထွန်းကားရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်၊ ကျောင်းများမှဆုရရှိခဲ့ကြသူများအားဆုများပေး အပ်ချီးမြှင့်ပြီး နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပေးအပ်ချီးမြှင့်သည့် (၇၉)နှစ်မြောက် နှစ် ပတ်လည်နေ့အထိမ်းအမှတ်ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၇၉)သိန်းကိုလည်း ပေးအပ်ခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးမှ မြဝတီရုပ်မြင်သံကြား (နေပြည်တော်)ထုတ်လွှင့်ရေးစက်ရုံအတွင်းရှိ TV Studio အတွင်း Program ရိုက်ကူးမှုများ၊ Master Control Room အတွင်းရှိ စက်ပစ္စည်းများ၏ လုပ် ဆောင်ချက်များ၊ နေ့စဉ်ထုတ်လွှင့်လျက်ရှိသည့် သ တင်းအစီအစဉ်များအား လက်တွေ့ရိုက်ကူးမှုများနှင့် ရုပ်မြင်သံကြားအစီအစဉ်ထုတ်လွှင့်ခြင်းများ၊ ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် လှုပ်ရှားမှုမှတ် တမ်းဓာတ်ပုံပြခန်းတို့အားကြည့်ရှုခဲ့သည်။

image