3 ရက် - ဘာသာပြန်ပါ။

ရီးရဲလ်မက်ဒရစ်သို့ ပြောင်းခွင့်ရရေး ချဲလ်ဆီးထံ အသင်းပြောင်းခွင့် တောင်းဆိုလာမယ့် အန်ဇိုဖာနန်ဒက်ဇ်
===================
အန်ဇိုဖာနန်ဒက်ဇ်ဟာ နွေရာသီတွင် ချဲလ်ဆီးမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခွင့် ရရှိရေး အသင်းပြောင်းခွင့်တောင်းဆိုရန် အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိ ဖာနန်ဒက်ဇ်ဟာ လာမယ့်ရာသီတွင် ချဲလ်ဆီးတွင် ရှိနေရန် မသေချာကြောင်း လူသိရှင်ကြား ပြောဆိုမှုအတွက် နည်းပြလီယမ်ရိုဆင်နီယာရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူဟာ စနေနေ့တုန်းက ပေါ့ဗေးလ်ကို ဂိုးပြတ်အနိုင်ရတဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့သလို ယခုအပတ် မန်စီးတီးနှင့် ပွဲစဉ်ကိုလည်း လွဲချော်လာဦးမှာ ဖြစ်ပါတယ်။

ယနေ့တွင် El Chiringuito ရဲ့ ဖော်ပြလာမှုအရ အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ နွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းခွင့်ရရေး အသင်းပြောင်းခွင့်တောင်းဆိုလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

တဖက်တွင် ချဲလ်ဆီးဘက်ကလည်း နွေရာသီတွင် ဖာနန်ဒက်ဇ်ကို ရောင်းချရမည်ဆိုပါကလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ အထိ တောင်းဆိုရန် အသင့်ရှိနေကြောင်း သိရပါတယ်။

အနောက်လန်ဒန်ကလပ်ဟာ ဖာနန်ဒက်ဇ်ကို ၂၀၂၃ ခုနှစ်ဇန်နဝါရီလတုန်းက ၈ နှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူထားခဲ့ခြင်းဖြစ်ရာ ကစားသမားရဲ့အနာဂတ်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါတယ်။

ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးအတွက် ၁၆၁ ပွဲကစားထားရာမှာ ၂၈ ဂိုးသွင်းယူထားသူ ဖြစ်ပြီး ကွန်ဖရင့်လိဂ်ဖလားနှင့် ကလပ်ကမ္ဘာ့ဖလားရရှိအောင် အဓိကနေရာမှ ကူညီထားသူလည်း ဖြစ်ပါတယ်။

image