2 ရက် - ဘာသာပြန်ပါ။

ချဲလ်ဆီးရဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ကို တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ထောက်ဒိုင်မှာ ရဲဝန်ထမ်းအဖြစ်မှ ဆိုင်းငံ့ခံထားရသူ ဖြစ်
==================
အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် လက်ထောက်ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ရာထူးမှ ဆိုင်းငံ့ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

အသက် ၅၁ နှစ်ရှိ ရစ်ချက်ဝက်စ်ဟာ တိုင်ကြားမှုခံရမှုကြောင့် အရပ်ဘက်ဆိုင်ရာတာဝန်များမှ ဆိုင်းငံ့ခြင်းခံထားရပေမယ့်လည်း ဒိုင်အကြီးအကဲများက ဘောလုံးပွဲများတွင် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဆာဂျင်ဝက်စ်ဟာ စနေနေ့တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ချဲလ်ဆီးနှင့် ပေါ့ဗေးလ်တို့ ကစားတဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အပါအဝင် ပရော်ဖက်ရှင်နယ်ပွဲရာပေါင်းများစွာတို့တွင် လက်ထောက်ဒိုင်အဖြစ် တာဝန်ထမ်းဆောင်လာသူ ဖြစ်ပါတယ်။

သူဟာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိန်းချုပ်ရန် ကြိုးပမ်းမှု၊ အမျိုးသမီးမုန်းတီးသူ ဖြစ်နေမှုတို့အတွက် စွပ်စွဲတိုင်ကြားခြင်းခံရပြီးနောက် ရာထူးမှ ဆိုင်းငံ့ခံထားရတာပါ။

သူဟာ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တို့တွင် သူ့လက်အောက်တွင် အလုပ်လုပ်တဲ့ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးအား မသင့်မလျော်ပြုမူခဲ့မှုအတွက် စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးနှစ်ယောက်အဖေ ဝက်စ်က သူမအား အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်လည်း ချစ်ကြိုက်နေတယ်လို့လည်း စွပ်စွဲခဲ့ပါသေးတယ်။

သူဟာ ယင်းအမျိုးသမီးရဲတပ်ဖွဲ့ဝင်အား အခြားအမျိုးသားရဲများနှင့် အလုပ်မလုပ်နိုင်အောင် မလျော်အာဏာသုံးကာ လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါပေမယ့် အက်ဖ်အေနှင့် ဒိုင်အဖွဲ့ချုပ်တို့က သူ့ကို လက်ထောက်ဒိုင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင်ပေးခဲ့ပါတယ်။ သူဟာ လက်ထောက်ဒိုင်အဖြစ် လုပ်ခ ပေါင် ၆၀၀၀၀ အထိ ရရှိနေသူ ဖြစ်ပါတယ်။

image