ယူနိုက်တက်နှင့် တစ်နှစ်စာချုပ်သစ်ဆိုလာတဲ့ ဟယ်ရီမက်ဂွိုင်းယား
===================
အသင်းခေါင်းဆောင်ဟောင်းဟယ်ရီမက်ဂွိုင်းယားဟာ ယူနိုက်တက်နှင့် တစ်နှစ်သက်တမ်းတိုးနိုင်မယ့် အချက်ပါ တစ်နှစ်စာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။

အသက် ၃၃ နှစ်ရှိ ဗဟိုနောက်ခံလူရဲ့ ယခင်စာချုပ်က ယခုရာသီအကုန်မှာ ကုန်ဆုံးလာမှာလည်း ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်တွင် လက်စတာမှ ကမ္ဘာ့စံချိန်တင် ဗဟိုနောက်ခံလူ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၈၀ ဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်အတွက် ၂၆၆ ပွဲကစားထားကာ ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားတို့ ရယူထားနိုင်ပါတယ်။

မက်ဂွိုင်းယားက "မန်ချက်စတာယူနိုက်တက်ကိုယ်စားပြုကစားခွင့်ရကတော့ အဆုံးစွန်သောဂုဏ်ယူမှု ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ရော မိသားစုတွေပါ နေ့စဉ်နေ့တိုင်း ဂုဏ်ယူစေတဲ့ တာဝန်ယူမှုပါ။ ဒီအံ့မခန်းကလပ်မှာ အနည်းဆုံး ၈ နှစ်အထိ ကျွန်တော့်ခရီးကို ရှည်လာစေမှာ ဖြစ်လို့ ဝမ်းသာပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စပါယ်ရှယ်ပရိသတ်တွေရဲ့ရှေ့မှောက်မှာ ဆက်ကစားပြီး အံ့ဩစရာကောင်းတဲ့ အခိုက်အတန့်တွေ အတူတကွ ဖန်တီးလာနိုင်တော့မှာလည်း ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

မက်ဂွိုင်းယားဟာ အဲရစ်တန်ဟက်လက်အောက်တွင် ရုန်းကန်ခဲ့ရပြီးနောက် အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခြင်းခံခဲ့ရတဲ့အပြင် ၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းက ဝက်စ်ဟမ်းသို့ ပြောင်းမယ်လို့ သတင်းထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်းသို့ ပြောင်းရန် သဘောတူညီမှု ရရှိပြီးမှ ပျက်ပြယ်ခဲ့တာပါ။

ဒါပေမယ့် သူဟာ ရူဘင်အမိုရမ်လက်အောက်မှာတော့ အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာတဲ့အပြင် မိုက်ကယ်ကာရစ်လက်ထက်တွင်လည်း အကောင်းဆုံးပုံစံဖြင့် ဆက်လက် ကစားလာနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းမှ စတင်ကာ ယူနိုက်တက်ရဲ့ ၁၀ ပွဲဆက်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

image