1 ရက် - ဘာသာပြန်ပါ။

ယုဇနပလာအနီးရှိ တိုက်ခန်းတစ်ခန်းတွင်မီးလေ_ာင်မှုဖြစ် နာရီဝက်ခန့်ကြာငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီးရှိ တိုက်ခန်းတစ်ခန်းတွင် ယနေ့ ဧပြီ ၇ ရက်နေ့လည် ၃ နာရီ ၄၉ မိနစ်ခန့်ကမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ယုဇနပလာဇာအနီးရှိ တိုက်ခန်းတစ်ခန်းတွင်မီးလေ_ာင်မှုဖြစ်ပွား၍ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်း၊ ဒေါပုံမြို့နယ်မီးသတ်စခန်း၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အဖြူရောင်ကမ်းလက်ပရဟိတအသင်းတို့က ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၂၀ မိနစ်တွင်မီး ငြိမ်းသွားခဲ့ကြောင်း သိရသည်။

စတင်လေ_ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ_က်စီး ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

image