လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ ဧပြီလ မှ စတင်ကောက်ခံမည်
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို Piolt Project ကာလအတွင်း ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများကောက်ခံခြင်းမပြုဘဲ ကနဦး မှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန ) က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပရောဂျက်ကာလသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ခြင်းကြောင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို ဧပြီလ ၁ရက်မှ စတင်ကောက်ခံမည် ဖြစ်ကြောင်း ကညနမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့မှ စ၍ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များ ကို မော်တော်ယာဥ်အမျိုးအစားနှင့်ဘက်ထရီ စွမ်းဆောင်ရည်အလိုက် မူလတန်ဖိုးဈေးနှုန်းအပေါ် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို စတင်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
အမျိုးအစားအလိုက် ရာခိုင်နှုန်းအားဖြင့် ၃ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။