GDSSCF မှထောက်ပံ့ပြီး၊ UNICEF ကအကောင်အ ထည်ဖော်သည့် မြန်မာနိုင်ငံရှိ ငလျင်ဒ-ဏ်သင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေးစီမံကိန်းစတင်
Global Development and South-South Cooperation Fund (GDSSCF)မှထောက်ပံ့ပြီး UNICEF ကအကောင်အထည်ဖော်သည့် မြန်မာနိုင်ငံရှိ ငလျင်ဒ-ဏ်သင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေးစီမံကိန်းစတင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။
အဆိုပါ စီမံကိန်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့၌ ဧပြီ ၂ ရက်ကကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်၍ တရုတ်သံရုံးသည် UNICEF အသင်းနှင့်အတူ နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးလုပ်ဆောင်ကာ စီမံကိန်းကို ပိုမိုကြီးမားသောအောင်မြင်မှုရလဒ်များရရှိစေရေး တွန်းအားပေးလုပ်ဆောင်ပြီး ဘေးဒ-ဏ်သင့်ဒေသမှ ကလေးသူငယ်များပိုမိုအကျိုးခံစားရစေရေးအတွက် လုပ်ဆောင်သွားရန်ဆန္ဒရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ UNICEF အသင်း၏ ဒု- ကိုယ်စားလှယ် Ms. Julia Rees မှလည်း တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအတွက်ကျေးဇူးတင်ကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရင်းနှီးစွာဆက်ဆံသွားမည်ဖြစ်ပြီး UNICEF ၏ အားသာချက်များကိုအသုံးချ ၍ စီမံကိန်းမှ မျှော်မှန်းထားသောရလဒ်များရရှိစေရန် အာမခံသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
စီမံကိန်းသည် မြန်မာနိုင်ငံရှိ ငလျင်ဒ-ဏ်သင့်ကလေး သူငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် သန့်စင်ဘေးကင်းသော သောက်သုံးရေများ၊ ပတ်ဝန်းကျင်သန့် ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများအပြင် ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ် ပယ်များအတွက် အထောက်အပံ့များနှင့် ဝန်ဆောင်မှုများပေးမည်ဖြစ်ကာ လူဦးရေ(၁၁၆,၀၀၀)ဦး အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။