ကာဇက်စတန်သမ္မတ၊ ကမ္ဘောဒီးယားဘုရင်မင်းမြတ်၊ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူးတို့က နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် နိုင်ငံတကာခေါင်းဆောင်များမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

ကာဇက်စတန်နိုင်ငံ သမ္မတ မစ္စတာ ကာစင်ဂျိုမတ် တိုခါယက်ဗ်၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန်းဒါး ဘယ်ဂ်လော့တို့က ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

၎င်းတို့ပေးပို့သည့် သဝဏ်လွှာများ၌ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဥ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနယ်ပယ်များ၊ ပူးတွဲစီမံကိန်းသစ်များအကောင်အထည်ဖော်ရန်၊ ဒေသအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် ဆန္ဒရှိသည်ဟု ရေးသားထားကြသည်။

ထို့ပြင် ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဒု- ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမိချိ ဝါတာနာဘေးနှင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာဖူမီအို အူဆုအီနှင့် ညွှန်ကြားရေးမှူး မစ္စတာ နာအိုဟိကို တာကခုတို့မှလည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

image