1 ပတ် - ဘာသာပြန်ပါ။

ဒဗ္ဗလင်သို့ သွားရောက် စခန်းသွင်းလေ့ကျင့်ခန်းဆင်းမယ့် လူစာရင်းတွင် ယူနိုက်တက်စတား ၂ ဦး မပါဝင်
==================
ယူနိုက်တက်ဟာ ဒဗ္ဗလင်သို့ သွားရောက် စခန်းသွင်းလေ့ကျင့်ခန်းဆင်းရမှာ ပါဝင်မယ့် ၂၅ ဦးစာရင်းကို ကြေညာလာပါတယ်။

ယူနိုက်တက်ဟာ အိုင်းရစ်ပင်လယ်ကို ကျော်ဖြတ်ကာ ဒဗ္ဗလင်တွင် ရာသီဝက် လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်လာမှာ ဖြစ်ပြီး ယင်းလူစာရင်းထဲတွင် စတား ၂ ဦး ပါဝင်လာခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ ဧပြီလ ၁၃ ရက်နေ့ လိဒ်နှင့်ပွဲမတိုင်မီ ဒဗ္ဗလင်တွင် လေ့ကျင့်ခန်းဆင်းလာမှာ ဖြစ်ပါတယ်။

ဒဗ္ဗလင်တွင် လေ့ကျင့်ခန်းဆင်းမယ့် ယူနိုက်တက်လူစာရင်းတွင် ဖျားနေတဲ့ ဒီယေဂိုဒါလော့၊ အရန်ဂိုးသမားတွမ်ဟီတန်အပြင် ဒဏ်ရာကြောင့် အနားယူနေရတဲ့ မားသီးယပ်စ်ဒီလက်တို့ ပါဝင်လာခြင်း မရှိပါဘူး။

ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်းဟာ နိုဝင်ဘာလတုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲနောက်ပိုင်း ကစားလာနိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာကြပြီဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နှင့် ပက်ထရစ်ဒေါ်ဂူတို့ ယူနိုက်တက်လူစာရင်းတွင် ပါဝင်လာပါတယ်။

ဒါ့အပြင် မိုက်ကယ်ကာရစ်ဟာ လူငယ်ကစားသမားများဖြစ်ကြတဲ့ ယူရယ်ဟီလာဖူ၊ ဂျမ်သဝိတ်စ်နှင့် ဗစ်တာမူဆာတို့ကိုလည်း ဒဗ္ဗလင်သို့ ခေါ်ဆောင်လာပါမယ်။

ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ဟာ နိုင်ငံခြားသို့ သွားရောက်ကာ ရာသီဝက်လေ့ကျင့်ခန်းဆင်းမှုနှင့်အတူ အသင်းအတွင်း စည်းလုံးမှု ပိုမိုကောင်းမွန်လာကာ ရာသီသိမ်းအဆုံးအဖြတ်ပွဲစဉ်များအတွက် အကျိုးရှိလာမယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရေး တိုက်ပွဲဝင်နေပါတယ်။

image