1 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်စတားဟောင်း ၅ ဦးကစားနေတဲ့ အပျော်တမ်းကလပ်သို့ ပြောင်းရွှေ့ကစားလာတဲ့ ယူနိုက်တက်စတားဟောင်းဗလန်စီယာ
==================
ယူနိုက်တက်ဂန္ထဝင်ကစားသမားအန်တိုနီယိုဗလန်စီယာဟာ ကစားသမားဘဝမှ အနားယူပြီး ၅ နှစ်အကြာတွင် အင်္ဂလန်အပျော်တမ်းကလပ်သို့ ပြောင်းရွှေ့ ကစားလာတော့မှာ ဖြစ်ပါတယ်။

အသက် ၄၀ နှစ်ရှိ ဗလန်စီယာဟာ ကစားသမားဘဝမှ အနားယူထားပြီး ဖြစ်ပေမယ့် ဘောလုံးလောကနှင့် ၅ နှစ်ကြာ ဝေးကွာပြီးနောက် ဆန်းဒါးလိဂ်တွင် ကစားလာတော့မှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာအခြေစိုက် Wythenshawe Veterans FC ကလပ်က အီကွေဒေါညာနောက်ခံလူဟောင်းအား ခေါ်ယူလာပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

Wythenshawe Veterans FC က Cheshire Veterans Football League တွင် ကစားနေတာ ဖြစ်ပြီး ပရီးမီးယားလိဂ်စတားဟောင်းများ ကစားနေတဲ့ကလပ်လည်း ဖြစ်ပါတယ်။

ဗလန်စီယာ ရောက်လာမှုနှင့်အတူ Wythenshawe Veterans FC တွင် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၁၉၂ အထိ ကစားထားတဲ့ကစားသမားများ စုဖွဲ့ထားနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် Wythenshawe Veterans FC အသင်းမှ ကစားသမားတို့ဟာ နိုင်ငံတကာပွဲ ၄၈၇ ပွဲနှင့် ဆုဖလား ၂၄ လုံးအထိ ရရှိထားပါတယ်။

Wythenshawe Veterans FC အသင်းတွင် အသက် ၄၀ နှစ်ရှိ နယူးကာဆယ်နှင့် ဆီနီဂေါတိုက်စစ်မှူးဟောင်းပါပစ်ဆစ်စီ၊ အသက် ၄၈ နှစ်ရှိ အင်္ဂလန်နှင့် လီဗာပူးတိုက်စစ်မှူးဟောင်းအီမီလီဟတ်စကီး၊ မန်စီးတီးစတားဟောင်းများဖြစ်ကြတဲ့ ဂျိုလီယွန်လက်စ်ကော့၊ စတီဖင်အိုင်ယာလန်တို့ ကစားထားနေကြပါတယ်။

Wythenshawe Veterans FC က အပျော်တမ်းကလပ်တစ်ခု ဖြစ်ရာ ဒီကလပ်မှာ ကစားတဲ့ ကစားသမားများအနေဖြင့် ငွေကြေးတစ်ပြားတစ်ချပ်မှ မရရှိပါတယ်။

image