Deliveroo မှ အစားအသောက် ၂၁၂ ကြိမ်မှာကြားပြီး အခွန်ရှောင်ရန် ကြိုးပမ်းမှုဖြင့် မန်စီးတီးစတားဟောင်းနာဆရီ စုံစမ်းစစ်ဆေးမှုခံနေရ
===================
အာဆင်နယ်နှင့် မန်စီးတီးစတားဟောင်းဆာမာနာဆရီဟာ Deliveroo မှ တဆင့် အစားအသောက် ၂၁၂ ခု မှု ပြုလုပ်ပြီးနောက် ပြင်သစ်အခွန်အာဏာပိုင်တို့ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

အသက် ၃၈ နှစ်ရှိ ပြင်သစ်စတားဟောင်းဟာ ဒူဘိုင်းတွင် တရားဝင် နေထိုင်နေပေမယ့်လည်း ပဲရစ်တွင် နေထိုင်နေတယ်လို့ သံသယဝင်ခြင်းခံနေရတာလည်း ဖြစ်ပါတယ်။

Les Echos ရဲ့ ဖော်ပြလာမှုအရ နာဆရီဟာ ၂၀၂၂ ခုနှစ်တုန်းက ပဲရစ်ရှိ သူ့နေအိမ်သို့ အစားအသောက် ၂၁၂ ကြိမ်မှာကြားမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ယင်းသို့ နာဆရီဟာ ပဲရစ်နေအိမ်သို့ အစားအသောက်များ မှာယူမှုနှင့်အတူ ဒူဘိုင်းမှာထက် ပြင်သစ်တွင် နေထိုင်နေတယ်လို့ ယုံကြည်ရပါတယ်။ နာဆရီဟာ အခွန်သက်သာစေရန်အတွက် ဒူဘိုင်းတွင် နေထိုင်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ကစားသမားဘဝမှ အနားယူခဲ့တဲ့ နာဆရီဟာ ၂၀၂၀-၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေခွန် ပေါင် ၄.၅ သန်းအပါအဝင် အခွန် ပေါင် ၄.၃၈ သန်းပေးရန် ရှိနေသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မီဒီယာများရဲ့ ဖော်ပြမှုအရ နာဆရီဟာ ၂၀၁၉-၂၀၂၅ ခုနှစ်အတွင်း ကာလအတွက် နေအိမ်ပိုင်ဆိုင်မှုအခွန် ပေါင် ၇၀၀၀၀ အထိ ပေးရန် ရှိနေကြောင်းလည်း သိရပါတယ်။

ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဌာနက နာဆရီရဲ့ဘဏ်အကောင့်တစ်ခုကို ပိတ်သိမ်းပြီး နေအိမ်ကိုလည်း ချိတ်ပိတ်ရန် အမိန့်ထုတ်ထားပါတယ်။

နာဆရီကမူ သူ့အပေါ် စွဲချက်တင်မှုများအား ငြင်းဆိုထားပါတယ်။

နာဆရီဟာ ပြင်သစ်ကုမ္ပဏီများတွင် ရှယ်ယာများ ထည့်သွင်းထားသလို ဘောလုံးဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်နေတဲ့ Canel+ အတွက်လည်း ၄၅ ကြိမ် ရိုက်ကူးရေးလုပ်ထားပါတယ်။

ဒါကြောင့်လည်း အာဏာပိုင်တို့က နာဆရီမှာ ဒူဘိုင်းတွင် နေထိုင်ကြောင်း အကြောင်းပြထားပေမယ့် ပဲရစ်ရှိ‌ နေအိမ်သို့ အစားအသောက်များ အကြိမ်ပေါင်းရာချီမှာယူ စားသောက်နေမှုနှင့်အတူ အခွန်ကောက်ရေး စုံစမ်းလာတာလည်း ဖြစ်ပါတယ်။

နာဆရီဟာ ပြင်သစ်တွင်သာ အဓိကနေထိုင်ကြောင်း တွေ့ရှိပါက အခွန် ဒေါ်လာ ၉.၂ သန်းအထိ ပေးဆောင်လာရဖို့ ရှိနေကြောင်း သိရပါတယ်။

နာဆရီဟာ ၂၀၀၈ ခုနှစ်တွင် မာဆေးမှ ပေါင် ၁၂ သန်းဖြင့် အာဆင်နယ်သို့ ပြောင်းပြီးနောက် နာမည်ကျော်ကြားလာသူ ဖြစ်ပါတယ်။

သူဟာ အာဆင်နယ်အတွက် ၁၂၅ ပွဲကစားပြီးနောက် မန်စီးတီးသို့ ပြောင်းခဲ့ပြီး ယင်းတွင် တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ အထိ ရရှိခဲ့ကာ ၁၇၅ ပွဲကစားပေးခဲ့ပါတယ်။

ယင်းနောက် သူဟာ ဆီဗီလာ၊ တူရကီကလပ် အန်တာယာစပေါ်၊ ဝက်စ်ဟမ်း၊ အန်ဒါလက်ချ်တို့တွင် ကစားခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်တုန်းက ဆေးစစ်မှုကျမှုကြောင့် ခြောက်လပွဲကစားခွင့်ပိတ်ပင်ခြင်းခံရဖူးပါတယ်။

image