ရဲမှူးချုပ်ဟောင်း ဦးအောင်နိုင်သူကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်
ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ပေးပို့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်းက လွှတ်တော် ကိုယ်စားလှယ် ရဲမှူးချုပ်ဟောင်း ဦးအောင်နိုင်သူကို အမည်စာရင်းတင်သွင်းခဲ့တာမှာ ကန့်ကွက်သူမရှိတာကြောင့် ဦးအောင်နိုင်သူဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က သဘောတူခဲ့ပါတယ်။