1 ပတ် - ဘာသာပြန်ပါ။

ORTP စနစ်ဖြင့်လက်မှတ်ဝယ်ယူရာတွင် စနစ်အခက်အခဲဖြစ်ပေါ်နေ၍ အမြန်ဆုံးပြန်လည်ပြင်ဆင်နေ

ငွေပေးချေပြီးလက်မှတ်မရရှိသူများကို လက်မှတ်ခပြန်ပေးမည်

ရထားဖြင့်ခရီးသွားလာမည့်သူများ ရထားလက်မှတ်ဝယ်ယူရာ၌အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ORTP (Online Railways Ticketing & Payment) စနစ်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထိုသို့ အသုံးပြုလျက်ရှိရာမှ ယနေ့ ဧပြီ ၅ ရက်နံနက် ၁၂ နာရီခန့်မှစတင်ကာ သင်္ကြန်ကာလရုံးပိတ်ရက်များအတွက်ခရီးသွားလာရန် စနစ်အတွင်းသို့ဝင်ရောက်၍ ရထားလက်မှတ်ဝယ်ယူသူ အလွန်များပြားခဲ့ရာ စနစ် Delay ဖြစ်ခြင်းနှင့် ငွေပေးချေပြီးသော်လည်း လက်မှတ်မရရှိခြင်းများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဥ်များဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ပိုက်ဆံကဖြတ်သွားတယ်။ E-ticket ကျမရဘူးဖြစ်နေတယ်။ အခုစုံစမ်းကြည့်ရသလောက်တော့ ပိုက်ဆံပြန်အမ်းပေးမယ်ပြောပါတယ်။ "ဟု ORTP စနစ်ဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင်အဆင်မပြေဖြစ်ခဲ့သူ ကိုအောင်မျိုးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

လက်ရှိအချိန်၌ မြန်မာ့မီးရထား၏ ORTP Team မှ စနစ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သည့် System Error များကိုအမြန်ဆုံးပြင်ဆင်လျက်ရှိကာ ငွေပေးချေမှုအောင်မြင်ပြီး လက်မှတ်မရရှိသူများ၊ အကြိမ်ကြိမ်ငွေပေးချေမှုပြုလုပ်ပြီး လက်မှတ်မရရှိသူအားလုံးကို ပြန်လည်ငွေပေးချေခြင်းတို့အား အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။

image