လက်မှတ်ဖိုးငွေသွင်းပြီး e-ticket လက်ခံရရှိခြင်းမရှိသူများကို (၇)ရက်အတွင်း ငွေပြန်လွှဲပေးရန်စီစဥ်နေ

ORTP စနစ်ဖြင့် ရထားလက်မှတ်ဝယ်ယူပြီး လက်မှတ်ဖိုးကျသင့်ငွေပေးချေထားသော်လည်း e-ticket လက် ခံရရှိခြင်းမရှိသူများကို (၇)ရက်အတွင်းငွေပြန်လွှဲပေးရန်စီစဥ်နေသည်ဟု မြန်မာ့မီးရထားနှင့် ORTP Team တို့မှအသိပေးခဲ့သည်။

ထိုသို့ e-ticket ပြန်လည်လက်ခံရရှိမှုမရှိခြင်းမှာ တစ်ချိန်တည်းတွင် စနစ်အတွင်းဝင်ရောက်သူအဆမတန်များပြားခဲ့သဖြင့် ORTP စနစ်နှင့် ဘဏ်ငွေပေးချေမှုစ နစ်တို့ကြား ချိတ်ဆက်မှုပြတ်တောက်သွားခြင်းကြောင့်ဖြစ်၍ လက်မှတ်ဖိုးကျင်သင့်ငွေများကို ဝယ်ယူသူများအသုံးပြုခဲ့သည့် ငွေပေးချေမှုနည်းလမ်းအတိုင်း သက် ဆိုင်ရာဘဏ်များကတဆင့်ပြန်လည်လွှဲပေးသွားမည်ဟု အသိပေးခဲ့သည်။

ထို့ပြင် စိစစ်မှုများအရ သင်္ကြန်ကာလရုံးပိတ်ရက်ဖြစ်သည့် ဧပြီ ၄ ရက်တွင်ပြေးဆွဲပေးမည့် ရန်ကုန်မှ နေ ပြည်တော်သို့ထွက်ခွာမည့် DEMU အမြန်ရထား(၄)စင်း ၊ နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာမည့် DEMU အမြန်ရထား(၄)စင်း၊ ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲသော လူစီးအမြန်ရထားနှင့် နေပြည်တော်-မန္တလေး-နေပြည် တော်ပြေးဆွဲသောရထားတို့တွင် စီးနင်းလိုက်ပါရန် ORTP စနစ်ဖြင့်လက်မှတ်များအား ယနေ့ ဧပြီ ၅ ရက်နံနက် ၁၂ နာရီမှစ၍ဝယ်ယူခဲ့ကြရာ နံနက်ပိုင်းတွင်ပင် ရထားအားလုံး၏ ထိုင်ခုံများအားလုံးနီးပါးဝယ်ယူသွားကြသည်ကိုတွေ့ရသည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် ORTP စနစ်ဖြင့်လက်မှတ်ဝယ်ယူရာတွင် အ ခက်အခဲကြုံတွေ့ခဲ့ကြသူများကို အလေးအနက်တောင်း ပန်ကာ ဆက်လက်၍ ခရီးသွားများအနေဖြင့် ORTP စနစ်အသုံးပြုပြီး ပိုမိုအဆင်ပြေချောမွေ့စွာလက်မှတ်ဝယ်ယူနိုင်ရန် မြန်မာ့မီးရထားနှင့် ORTP Team တို့က အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း အ သိပေးခဲ့သည်။

image