ပျောက်ဆုံးနေသော တိုက်လေယာဉ်အမှုထမ်းကိုကယ်တင်နိုင်ခဲ့ပြီ--ထရမ့်ပ်


အီရန်နိုင်ငံ ဝေဟင်တွင် ပစ်ချခံခဲ့ရသော တိုက်လေယာဉ်တစ်စင်းမှ ပျောက်ဆုံးနေခဲ့သော အမေရိကန်အမှုထမ်းတစ်ဦးသည် ဘေးကင်းလုံခြုံခဲ့ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်သည်။

တိုက်လေယာဉ်၏ လက်နက်ပိုင်းဆိုင်ရာအရာရှိကို ကယ်ဆယ်ရေးစစ်ဆင်ရေးတွင် ရာနှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များနှင့် စစ်လေယာဉ်ဒါဇင်နှင့်ချီ၍ ပါဝင်ခဲ့ကြောင်း စီဘီအက်စစ်သတင်းဌာနက ဖော်ပြခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ကူညီသည့်အနေဖြင့် စီအိုင်အေသည် ပုံမှားရို-က်သည့်အစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟုလည်း စီဘီအက်စ်က ဆိုခဲ့သည်။

သောကြာနေ့တွင် စတင်ခဲ့သည့် အန္တရာယ်များသော ကယ်ဆယ်ရေးအစီအစဉ် အဆုံးသတ်ခဲ့ပြီဖြစ်သည်။ တိုက်လေယာဉ်၏ လေယာဉ်မှူးကိုမူ အစောပိုင်းတွင် ရှာတွေ့ခဲ့ပြီးဖြစ်ကြောင်း ထရမ့်ပ်က အတည်ပြုထားခဲ့သည်။

Ref: ဘီဘီစီ

image