4 ရက် - ဘာသာပြန်ပါ။

ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံ‌တော်သမ္မတက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် တာဝန်ရှိသူများအား ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များချီးမြှင့်

ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံ‌တော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၅ ရက်နံနက်ပိုင်းက ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် တာဝန်ရှိသူများအားဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များချီးမြှင့်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပရာ ရွေးကောက်တင်မြှောက်ခြင်းခံရသောနိုင်ငံ‌တော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တက်ရောက်၍ အခမ်းအနားတက်ရောက်ပေးကြသည့် ပုဂ္ဂိုလ်များသည် မိမိတို့တာဝန်ယူခဲ့သည့် (၅)နှစ်တာ အစ/အဆုံးတွင် ပေးအပ်သည့်တာဝန်များကို သစ္စာရှိရှိကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် မကြာမီရက်ပိုင်းအတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့်လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်၍ နိုင်ငံတော်၊ အစိုးရနှင့်ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာပူးပေါင်းဆောင်ရွက်ခဲ့မှုများကို မိမိအနေဖြင့်လေးလေးစား စားအသိအမှတ်ပြုသည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့က ပြည်ထောင်စုအဆင့်ပု ဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များကို ရွေး ကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

image