4 ရက် - ဘာသာပြန်ပါ။

ပုံမှန်မဟုတ်တဲ့ ရာထူးဖြင့် အန်ဖီးလ်တွင် ပြန်လာလိုကြောင်း စတီဗင်ဂျရတ် အတည်ပြုပြောကြားလာ
=====================

စတီဗင်ဂျရတ်ဟာ နွေရာသီတွင် အသင်းဟောင်းအန်ဖီးလ်သို့ ပြန်လည်လာရောက် တာဝန်ထမ်းဆောင်လာဖို့ ရှိနေပါတယ်။

အသက် ၄၅ နှစ်ရှိ လီဗာပူးဂန္ထဝင်ဟာ ရာသီအကုန်တွင် အန်းဆလော့ ထုတ်ပယ်ခြင်းခံလာရပါက နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံရရန် လျာထားသူများစာရင်းတွင် ပါဝင်ကြောင်း သတင်းထွက်နေသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျရတ်ကတော့ လီဗာပူးသို့ မန်နေဂျာအဖြစ် ပြန်လာမှာမဟုတ်ဘဲ ထိပ်တန်းနည်းပြလက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ကာ ပြန်လာရန် တံခါးဖွင့်ပေးလာပါတယ်။

ရိန်းဂျားနှင့် အက်စတွန်ဗီလာတို့ကိုလည်း ကိုင်တွယ်ဖူးတဲ့ စတီဗင်ဂျရတ်ဟာ ဆော်ဒီကလပ် Al-Ettifaq မှ ထွက်ခွာလာပြီးနောက် ဘောလုံးလောကနှင့် ဝေးကွာလာသူလည်း ဖြစ်ပါတယ်။

ဂျရတ်က "ကလပ်နဲ့အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ အမြဲတမ်းရှိခဲ့တာပါ။ ထွက်ခွာလာပြီးတဲ့နောက် ဆက်ဆံရေး ပိုကောင်းလာတယ်။ ကလပ်က ဘယ်ဧရိယာမှာမဆို ကျွန်တော့်ဘက်က ကူညီနိုင်တယ်ဆိုရင် ကူညီဖို့ အသင့်ပါ။ တစ်နေ့မှာ လီဗာပူးမန်နေဂျာဖြစ်လိုသလားလို့ သိချင်ရင်တော့ ဟုတ်ပါတယ် ဒါက ကျွန်တော့် အိပ်မက်ပါ။ အခု ဒီအတွက် အသင့်ဖြစ်နေပြီလား၊ ကာလတစ်ခု ကိုင်တွယ်ဖို့ အသင့်ဖြစ်ပြီလားဆိုရင်တော့ မဖြစ်သေးဘူးလို့ ပြောရမယ်"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ဂျရတ်က "မန်နေဂျာကို ထောက်ပံ့ရတဲ့နေရာမျိုး၊ လက်ထောက်နည်းပြလိုမျိုးပေါ့။ တကယ်လို့ တောင်းဆိုလာရင် လီဗာပူးအတွက် ဒါမျိုး လုပ်ချင်တယ်။ ဒီအလုပ်အတွက် သူတို့ဘက်က ကျွန်တော့်ကို သင့်တော်တဲ့သူအဖြစ် မြင်ရင် ကျုပ်ဘက်ကလည်း လုပ်ဖို့ အသင့်ပါ"လို့ ပြောကြားသွားပါတယ်။

image