ပရီးမီးယားလိဂ်တွင် မူးယစ်ဆေးဝါးဖမ်းထိန်းခံရမှုအများဆုံးကွင်းအဖြစ် မန်စီးတီးရဲ့အီတီဟတ်ကွင်း ရပ်တည်နေ
==================
မန်စီးတီးရဲ့ အီတီဟတ်ကွင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါး ဖမ်းဆီးထိန်းသိမ်းမှု အများဆုံးနေရာအဖြစ် ရပ်တည်ခဲ့ပါတယ်။

မန်စီးတီးရဲ့ အီတီဟတ်ကွင်းဟာ မူးယစ်ဆေးဖမ်းဆီးခံရမှု အကြိမ် ၆၀ ဖြင့် အများဆုံးအဖြစ် ရပ်တည်နေပြီး ယူနိုက်တက်က ၃၈ ကြိမ်ဖြင့် ဒုတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

တတိယနေရာတွင် ချန်ပီယံရှစ်ကလပ် ချာလ်တန်က ၃၂ ကြိမ်ဖြင့် ရပ်တည်နေပါတယ်။

ချဲလ်ဆီးက ၂၄ ကြိမ်ဖြင့် စတုတ္ထနေရာမှာ ရပ်တည်နေကာ ဘရိုက်တန်ကလည်း ၁၇ ကြိမ်ဖြင့် ထိပ်ဆုံး ၅ သင်းစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာ ၂၀၂၅ ခုနှစ်အတွင်းတွင် ပွဲများအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှု ၃၈၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးများထဲတွင် ကိုကင်း၊ ဆေးခြောက်၊ ကီတာမင်းနှင့် အက်စတက်စီတို့ ပါဝင်ပါတယ်။

ယခုဖမ်းဆီးခံရမှုက တပ်ဖွဲ့ဝင် ၄၃ ဖွဲ့မှ ၁၉ ဖွဲ့ရဲ့ အချက်အလက်သာ ဖြစ်ရာ တကယ်တမ်းဖမ်းဆီးခံရတဲ့အရေအတွက်က ပိုမိုများနိုင်ပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာ ဘောလုံးကွင်းများတွင် လေ့ကျင့်ပေးထားတဲ့ အနှံခံခွေးများကို အသုံးပြုကာ မူးယစ်ဆေးများကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

မူးယစ်ဆေးဖမ်းဆီးခံရမှုအများဆုံးစာရင်းတွင် ကျူပီအာ(၁၆)၊ ဘရန့်ဖို့ဒ်(၁၄)၊ လိဒ်(၁၁)၊ နယူးကာဆယ်နှင့် အောက်စ်ဖို့ဒ်(၆)တို့လည်း ပါဝင်ပါတယ်။

ဘရိုက်တန်ရဲ့ Amax ကွင်းတွင် ဖမ်းဆီးခံရတဲ့ မူးယစ်ဆေးများထဲတွင် မှော်မှိုဖမ်းဆီးရမှုလည်း တစ်ခု ပါဝင်ကြောင်း တွေ့ရပါတယ်။

image