Netflix မင်းသမီးနှင့် ချစ်ကြိုက် တွဲနေတဲ့ ရီးရဲလ်မက်ဒရစ်စူပါစတားဘက်ပေး
====================
ရီးရဲလ်မက်ဒရစ်စူပါစတားကိုင်လီယန်ဘက်ပေးဟာ လာလီဂါနှင့် ကမ္ဘာ့ဖလားဆွတ်ခူးရေး ရည်မှန်းကြိုးပမ်းနေစဉ်အတွင်း အချစ်သစ်ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ တိုက်စစ်မှူးဟာ စပိန်မင်းသမီးအီစတာအိတ်စ်ပိုစီတိုနှင့် ချစ်ကြိုက်နေတာလည်း ဖြစ်ပါတယ်။

ဘက်ပေးကို ချစ်သူသစ်နှင့်အတူ မက်ဒရစ်တွင် ကားမောင်းရင်း တွေ့ရသလို နိုင်ငံတကာပွဲစဉ်များ ကစားပြီး ပြန်လာချိန်တွင်လည်း ဖက်ပြီး ဆီးကြိုနေတာလည်း တွေရပါတယ်။

၎င်းတို့ဟာ ပဲရစ်သို့ စင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်ကာ ညစာအတူစားသောက်ပြီးနောက် ချစ်ကြိုက်နေကြောင်း သတင်းထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အိတ်စ်ပိုစီတိုဟာ အင်စတာဂရမ်တွင် ဖော်လိုဝါ ၂.၄ သန်းအထိ ပိုင်ဆိုင်ထားသူပါ။

ရွှေအိုရောင်ဆံပင်ပိုင်ရှင်ဟာ Netflix ရဲ့ ဆယ်ကျော်သက်ဒရမ်မာစီးရီး Elite တွင် ရိုဆင်ကာလီရူဂီနေရာတွင် သရုပ်ဆောင်ပြီးနောက် နာမည်ကျော်ကြားလာသူလည်း ဖြစ်ပါတယ်။

သူမဟာ When Angels Sleep၊ Your Son၊ Venus and Lost in the Night တို့ကဲ့သို့ ရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

သူမဟာ အစောပိုင်းတုန်းက ဘက်ပေးရဲ့ ရီးရဲလ်မက်ဒရစ်ကစားဖော်ဗီနီရှပ်စ်နှင့် သတင်းထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူမဟာ ဥရုဂွေးမင်းသားနီကိုဖာတာဒိုနှင့် ၂၀၂၃ ခုနှစ်အထိ ၂ နှစ်တိုင်တိုင် တွဲခဲ့ဖူးပါတယ်။

မက်ဒရစ်သူဟာ Elite စတားအယ်ဗာရိုရီကို၊ အလီဂျန်ဒရိုစပစ်ဇာတို့နှင့်လည်း တွဲခဲ့ဖူးပါတယ်။

image