ဆောက်သမ်တန်ရှုံးပွဲတွင် ဒိုင်လူကြီးကို ဆောင့်တွန်းခဲ့ပေမယ့် အနီကတ်ပြသခြင်းမခံခဲ့ရတဲ့ မာတင်နယ်လီ
==================
ဂါဘရီရယ်မာတင်နယ်လီဟာ အာဆင်နယ်တို့ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်တွင် ဒိုင်လူကြီးအား ဆောင့်တွန်းခဲ့ပေမယ့် အနီကတ်ရှောင်လွဲနိုင်ခဲ့ပြီး အဝါကတ်သာ ပြသခြင်းခံခဲ့ရပါတယ်။

ဘရာဇီးတောင်ပံကစားသမားဟာ စနေနေ့တုန်းက ဆောက်သမ်တန်ကို ၂-၁ ဖြင့် ရှံးနိမ့်တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် စိတ်မထိန်းနိုင်ဘဲ ပြုမူခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဆောက်သမ်တန်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ဆုဖလား ၃ လုံး ပစ်မှတ်မှ ဆုဖလား ၂ လုံးပစ်မှတ်သို့ ပြောင်းလဲခဲ့ရပါတယ်။

ယင်းပွဲစဉ်တွင် မာတင်နယ်လီဟာ ဒိုင်လူကြီးဆင်မြူရယ်ဘာရော့နှင့် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်တို့ ချေပဂိုး ရရှိရေး ကြိုးပမ်းနေချိန်တွင် ဖရီးကစ်ရရှိခဲ့ပါတယ်။

ပွဲပြီးရန် မိနစ်အနည်းငယ်သာလိုတော့မှုနှင့်အတူ မာတင်နယ်လီလည်း အချိန်ဆွဲလိုနေခြင်း မရှိပါဘူး။

ဒိုင်လူကြီးက ပွဲကို ရပ်လိုက်ပြီးနောက် ဘောလုံးကို ရယူလိုက်ပါတယ်။ အာဆင်နယ်ရဲ့ မာတင်နယ်လီဟာ အလျှင်အမြန်ပင် ဒိုင်လူကြီးထံ ပြေးသွားပြီး တွန်းကာ ဘောလုံးရယူခဲ့ပါတယ်။ ပြီးလျှင် ပွဲကို အလျှင်အမြန်စတင်ပါတယ်။

ဒါပေမယ့် ယင်းသို့ မဆင်မခြင် ပြုမူမှုက ပွဲကို ပိုပြီးတော့ ကြန့်ကြာစေခဲ့ပါတယ်။

မာတင်နယ်လီဟာ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။ တကယ်တော့ မာတင်နယ်လီဟာ ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့်အတူ အနီကတ်ပြမယ်ဆိုရင်တောင် ပြသလို့ ရပါတယ်။

image