ဟာလန်းရဲ့ ချိန်သားကိုက် ခြေစွမ်းပြလာမှုနှင့်အတူ အက်ဖ်အေဖလားပြိုင်ပွဲမှာ စံချိန်သစ်များ ရေးထိုးလာတဲ့ မန်စီးတီး
======================
မန်စီးတီးဟာ အာလင်းဟာလန်းရဲ့ ချိန်သားကိုက် အကောင်းဆုံးပုံစံပြရလာမှုနှင့်အတူ လီဗာပူးကို အက်ဖ်အေဖလားကွာတားဖိုင်နယ်မှ အနိုင်ယူပြီးနောက် စံချိန်သစ်များ ရေးထိုးလာသလို ဆုဖလား ၃ လုံးအတွက် တိုက်ပွဲဝင်လာနိုင်ပါတယ်။

ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် အာဆင်နယ်ကို အနိုင်ယူကာ ယခုရာသီ ပထမဆုံးဆုဖလားအား ရယူထားပြီး ဖြစ်တဲ့ မန်စီးတီးဟာ စနေနေ့မှာလည်း အန်းဆလော့ရဲ့ လီဗာပူးကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာပါတယ်။

ယင်းပွဲမှာ မန်စီးတီးဟာ အာလင်းဟာလန်းရဲ့ ဟက်ထရစ်နှင့်အတူ လီဗာပူးကို ဂိုးပြတ်အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးနိုင်ပွဲနှင့်အတူ မန်စီးတီးဟာ အက်ဖ်အေဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ၈ ရာသီဆက်တက်ရောက်နိုင်တဲ့ စံချိန်သစ်အား ရေးထိုးလာသလို ၁၈၈၀ ခုနှစ်များ နောက်ပိုင်းတွင် အက်ဖ်အေဖလားအိမ်ကွင်း ၁၈ ပွဲအနိုင်ရရှိတဲ့ စံချိန်သစ်ကိုလည်း ရေးထိုးလာနိုင်ပါတယ်။

မန်စီးတီးဟာ အက်ဖ်အေဖလားပြိုင်ပွဲဗိုလ်လုပွဲအထိ တက်ရောက်နိုင်မည်ဆိုပါက ၄ ကြိမ်ဆက် တက်ရောက်နိုင်တဲ့အသင်းအဖြစ်လည်း သမိုင်းမှတ်တမ်းရေးထိုးလာဦးမှာ ဖြစ်ပါတယ်။

ဟက်ထရစ်သွင်းယူခဲ့တဲ့ အာလင်းဟာလန်းမှာလည်း ၂၀၂၂ ခုနှစ်တွင် မန်စီးတီးသို့ ရောက်လာပြီးနောက် ၁၂ ကြိမ်မြောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ ယင်းကာလအတွင်းတွင် ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ဟက်ထရစ်အများဆုံးသွင်းယူနိုင်သူ ဖြစ်လာပါတယ်။

image