ဆာလက်အပြင် မက်အယ်လစ်စတာ၊ ဂတ်ပိုအပါအဝင် ကစားသမား ၇ ဦးအထိ ရှင်းလင်းကာ အသင်းကို ကြီးမားတဲ့အပြောင်းအလဲ ပြုလုပ်လာမယ့် လီဗာပူး
====================
လီဗာပူးဟာ နွေရာသီတွင် အသင်းကို ကြီးမားတဲ့ အပြောင်းအလဲကြီး ပြုလုပ်ရန် စီစဉ်နေပါတယ်။
အန်းဆလော့က နည်းပြထိုင်ခုံမြဲရေး ကြိုးပမ်းနေရသလို လီဗာပူးဟာလည်း ကစားသမားသစ်များ ခေါ်ယူရေးအတွက် အသင်းရှိ ကစားသမားများကိုလည်း ရှင်းလင်းမှု ပြုလုပ်လာပါတယ်။
The Sun ရဲ့ ဖော်ပြလာမှုအရ လီဗာပူးဟာ ကိုဒီဂတ်ပို၊ ဂျိုးဂိုမက်ဇ်၊ အလက်ဆစ်မက်အယ်လစ်စတာ၊ ဖီဒီရီကိုချီယေဆာတို့ကို ရောင်းချလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အင်္ဂလန်အလယ်တန်းကစားသမားကာတစ်ဂျုံးစ်ရဲ့ အနာဂတ် မရေမရာ ဖြစ်နေသလို ဘယ်နောက်ခံလူအင်ဒီရောဘတ်ဆင်မှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လီဗာပူးမှ ထွက်ခွာလာပါမယ်။
တဖက်တွင် လီဗာပူးဟာ ပြင်သစ်စတားအီဘရာဟမ်ကိုနာတေးကို အသင်းကို ဆက်ထိန်းထားရေး ကြိုးပမ်းမှု လက်လျော့လိုက်ပြီ ဖြစ်ပါတယ်။ ကိုနာတေးဟာ ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
မိုဟာမက်ဆာလက်မှာ တစ်ပတ်လုပ်ခပေါင် ၃၅၀၀၀၀ တန် တစ်နှစ်စာချုပ်ကျန်နေသေးပေမယ့် ရာသီအကုန်တွင် ထွက်ခွာမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။
လီဗာပူးအတွက် နောက်ထပ် ထိုးနှက်ချက်ကတော့ ကလပ်ရဲ့ အပြောင်းအရွှေ့ကိစ္စရပ်များကို ၂ နှစ်ကြာ ဦးဆောင်လုပ်ဆောင်လာတဲ့ အားကစားဒါရိုက်တာရစ်ချက်ဟုချ်မှာ ဆော်ဒီကလပ်သို့ ပြောင်းလာဖို့ ရှိနေပါတယ်။
ဟုချ်ဟာ နွေရာသီတုန်းက မာ့ခ်ဂူဟီကို ခေါ်ယူရေး မအောင်မြင်ခဲ့မှုအတွက် ဝေဖန်မှုများ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ဇန်နဝါရီတွင် မန်စီးတီးသို့ ပြောင်းသွားခဲ့ပါတယ်။
လီဗာပူးပိုင်ရှင် Fanway Sports Group ဟာ ဟုချ်အပြင် ဘောလုံးဒါရိုက်တာမိုက်ကယ်အက်ဝတ်ကိုပါ ဆော်ဒီသို့ လက်လွှတ်ရမည်ကို စိုးရိမ်နေရပါသေးတယ်။
ဟုချ်နှင့် အက်ဝတ်တို့ဟာ နွေရာသီတုန်းက ပြောင်းရွှေ့ကြေး ပေါင် ၄၂၆ သန်းအထိ အသုံးပြုကာ အသင်းကို ပြောင်းလဲ တည်ဆောက်မှု ပြုလုပ်ခဲ့ကြပါတယ်။
လီဗာပူးဟာ အထက်ပါ ပြဿနာများအပြင် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ အန်းဆလော့ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်လာရပါဦးမယ်။ လတ်တလောတွင် လီဗာပူးဟာ အန်းဆလော့ကို ဖယ်ရှားကာ ကစားသမားဟောင်းဇာဘီးအလွန်ဆိုနှင့် အစားထိုးရန် အလေးအနက်ထားစဉ်းစားနေပါတယ်။
လီဗာပူးဟာ နွေရာသီတွင် အသင်းရှိ ကစားသမားများစွာတို့ကို ရှင်းလင်းမှုပြုလုပ်လာမှာ ဖြစ်သလို ကစားသမား ခေါ်ယူအားဖြည့်မှုများလည်း ပြုလုပ်လာပါမယ်။
၎င်းတို့ရဲ့ ပစ်မှတ်ထဲတွင် ဘရိုက်တန်မှ ကားလို့စ်ဘာလီဘာ၊ ပဲလေ့စ်မှ အဒမ်ဝါတွန်၊ ဖောရက်စ်မှ အီးလီးယော့အင်ဒါဆင်၊ ရီးရဲလ်မက်ဒရစ်မှ အက်ဝတ်ဒိုကာမာဗန်ဂါတို့ ပါဝင်နေပါတယ်?