1 ရက် - ဘာသာပြန်ပါ။

ချဲလ်ဆီးစတားကို ရွေးချယ်နိုင်ရေး အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ် ကြိုးပမ်းလာ
=======================
အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းတွင် ရွေးချယ်နိုင်ရေး ချဲလ်ဆီးစတားလီယမ်ဒီလက်ပ်အား ပစ်မှတ်ထားလာပါတယ်။

ဒီလက်ပ်ဟာ အင်္ဂလန်လူငယ်အသင်းအဆင့်ဆင့်တွင် ကစားလာခဲ့ပေမယ့်လည်း အင်္ဂလန်စီနီယာလက်ရွေးစင်အသင်းကြီးအတွက် ကစားခွင့် ရလာခဲ့ခြင်း မရှိပါဘူး။

အိုင်ယာလန်ဟာ ဖခင်ဖြစ်သူ ရိုရီကဲ့သို့ပင် ဒီလက်ပ်ကိုလည်း အိုင်ယာလန်အတွက် ကစားပေးစေချင်နေပါတယ်။

ဒါကြောင့်လည်း အိုင်ယာလန်လက်ရွေးစင်အသင်းလက်ထောက်နည်းပြဂျွန်အိုရှီးယားဟာ အသက် ၂၃ နှစ်ရှိ ချဲလ်ဆီးတိုက်စစ်မှူးရဲ့ ဖခင်ဖြစ်သူအား ဆက်သွယ်မှုများ ပြုလုပ်နေပါတယ်။

အိုရှီးယားက "ဘာဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်"လို့ ပြောကြားသွားပါတယ်။

အိုင်ယာလန်နည်းပြဟိုင်မာဟေးလ်ဂရမ်ဆင်ကလည်း "သူက အင်္ဂလန်အတွက် မကစားဖူးဘူး။ ကမ္ဘာ့ဖလားမှာလည်း ပါဝင်လာမယ့်ပုံမရှိဘူး။ သူက ပါဝင်လာမယ့်ပုံမရှိပါဘူး။ ဒါပေမယ့် ဒါက သူ့အပေါ်မှာပဲ မူတည်နေပါတယ်"လို့ ပြောကြားသွားပါတယ်။

ဒီလက်ပ်ဟာ နွေရာသီတွင် အစ္စဝှစ်ချ်မှ ချဲလ်ဆီးသို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းလာပြီးနောက် ၃၂ ပွဲကစားထားရာတွင် ၂ ဂိုးတည်းသာ သွင်းထားနိုင်ပြီး ရုန်းကန်နေရပါတယ်။

ဒီလက်ပ်ဟာ ယခင်တုန်းက အင်္ဂလန်အတွက် ကစားခွင့် ရရှိရေး မျှော်လင့်ခဲ့သူလည်း ဖြစ်ပါတယ်။

image