1 ရက် - ဘာသာပြန်ပါ။

ဒိုင်လူကြီးအား ဝေဖန်ပြောဆိုမှုအတွက် ၁၂ ပွဲအထိ ပွဲပယ်ခံလာရဖို့ ရှိနေတဲ့ နေမာ
=====================
နေမာဟာ ၁၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရနိုင်မှုနှင့်အတူ ကမ္ဘာ့ဖလားမျှော်လင့်ချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြုံလာပါတယ်။

အသက် ၃၄ နှစ်ရှိနေမာဟာ ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး ဒဏ်ရာပြဿနာများနှင့် နပန်းလုံးလာခဲ့ရပေမယ့်လည်း အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့တွင် ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့် ရရှိရေး မျှော်လင့်နေတုန်း ဖြစ်ပါတယ်။

သူဟာ အန်ဆယ်လော့တီရဲ့ နောက်ဆုံး နိုင်ငံတကာခြေစမ်းပွဲစဉ်များအတွက် ဘရာဇီးပဏာမ လူစာရင်းတွင် ရွေးချယ်ခံခဲ့ရပေမယ့်လည်း အပြီးသတ်လူစာရင်းမှာတော့ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ဆန်းတို့စ်အတွက် နောက်ဆုံး ကစားတဲ့ ၄ ပွဲတွင် ၃ ပွဲမြောက် အဝါကတ်ပြသခြင်းခံရပြီးချိန်မှာတော့ ဒိုင်လူကြီးဆာဗီယိုပီရီရာဆမ်ပါအိုအား ဝေဖန်ပြောဆိုခဲ့ပါတယ်။

သူဟာ ယခင်တုန်းကလည်း ယင်းသို့ အဖြစ်အပျက်မျိုးအတွက် အရေးယူခြင်းခံရဖူးရာ ကြီးမားတဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရဖို့ ရှိနေပါတယ်။

ဆန်းတို့စ်ဟာ ရီမီကို ၂-၀ ဖြင့် အနိုင်ရရှိကာ ယခုရာသီ ဘရာဇီးစီးရီးအေ ၉ ပွဲမြောက်ပွဲတွင် ဒုတိယမြောက်နိုင်ပွဲ ရခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ယင်းပွဲတွင် ဒီယေဂိုဟာနန်ဒက်ဇ်ရဲ့ ပြစ်ဒဏ်ကျူးလွန်ခံရမှုအား ဒိုင်လူကြီးထံ စောဒကတက်စဉ် အဝါကတ်မှုနှင့် ကြုံခဲ့ရပါတယ်။

သူဟာ တနင်္ဂနွေနေ့ညတွင် ဖလာမင်ဂိုနှင့် ကစားရမယ့်ပွဲစဉ်အား ပွဲပယ်ခံလာရတော့မှာလည်း ဖြစ်ပါတယ်။

နေမာက "အရင်အတိုင်းပဲ။ မမျှတဘူး။ နောက်က ပြစ်ဒဏ်ကျူးလွန်တာ ခံရတယ်။ မလိုအပ်ဘဲ အလုပ်ခံရတာ ပွဲအပြီးမှာ။ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး။ သုံးလေးကြိမ် ရှိပြီ။ ကျုပ်က သူ့ဆီ စောဒကတက်ဖို့ပဲ သွားတာ။ ကျုပ်က 'မင်း ရူးနေလား'လို့ မေးလိုက်တယ်။ ကျုပ် အဝါကတ်ပြခံထားရပြီးသားလေ။ ဆာဗီယိုက သူ့ထုံးစံအတိုင်းပဲ လုပ်လာတယ်။ ကျုပ်အထင် သူက ဓမ္မတာလာနေတဲ့အချိန် အိပ်ယာက နှိုးလာပြီး ပွဲကို ရောက်လာတာထင်တယ်"လို့ ပြောကြားသွားပါတယ်။

နေမာဟာ ဒိုင်လူကြီးအား ဝေဖန် ပြောဆိုရာတွင် လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းထည့်သွင်း ပြောဆိုခဲ့မှုနှင့်အတူ ၁၂ ပွဲအထိ ပွဲပယ်ခံလာရနိုင်ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းက ရက်ဘူးလ်ဘရာဂန်တီနိုနောက်ခံလူဂပ်စတာဗိုမာကွီးစ်ဟာ အမျိုးသမီးဒိုင်လူကြီးဒိုင်ယာနီမူနစ်ဇ်အား လိင်ပိုင်းဆိုင်ရာမှတ်ချက်ပြု ပြောဆိုပြုလုပ်မှုအတွက် ၁၂ ပွဲအထိ ပွဲပယ်ခံရဖူးပါတယ်။

image