1 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားမတိုင်မီ ဆာလက်ကို ခေါ်ယူရေး အပြီးသတ်ရန် ဆော်ဒီထိပ်သီး Al-Ittihad ဆွေးနွေးလာ
=====================
ဆော်ဒီပရိုလိဂ်ထိပ်သီး Al-Ittihad ဟာ နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ မိုဟာမက်ဆာလက်အား ခေါ်ယူရေး ဆွေးနွေးမှု ပြုလုပ်လာပါတယ်။

ဆာလက်ရဲ့ အေးဂျင့်နှင့် Al-Ittihad မှ တာဝန်ရှိသူများတို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ဆွေးနွေးလာခဲ့ကြတာ ဖြစ်ပြီး ဆွေးနွေးမှုမှာလည်း တိုးတက်မှုများ ရှိနေပါတယ်။

Al-Ittihad ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း မိုဟာမက်ဆာလက်ကို ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးပါတယ်။

ဆာလက်ဟာ ပြီးခဲ့တဲ့နှစ်နွေတုန်းက ဆော်ဒီသို့ ပြောင်းရေး အလေးအနက်ထား စဉ်းစားခဲ့ပေမယ့် ဧပြီလမှာတော့ လီဗာပူးနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ဆာလက်ဟာ ရာသီအကုန်တွင် လီဗာပူးမှ ထွက်ခွာမယ်လို့ တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။

မီဒီယာအချို့တို့ကလည်း ဆာလက်ဟာ အရှေ့အလယ်ပိုင်းတွင် မငြိမ်မသက် ဖြစ်နေမှုကြောင့် ဆော်ဒီသို့ သွားကစားရေး အလေးအနက်ထား စဉ်းစားနေကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ဆာလက်ကိုယ်တိုင်က ထိပ်တန်းအဆင့်တွင် ကစားနိုင်သေးတယ်လို့ ယုံကြည်နေမှုနှင့်အတူ ဥရောပတွင် ဆက်လက် ကစားလာနိုင်ပါသေးတယ်။

မေဂျာလိဂ်ကလပ်များကလည်း အီဂျစ်စူပါစတားအား ခေါ်ယူရေး စိတ်ဝင်စားနေပါသေးတယ်။

လတ်တလောအချိန်မှာတော့ ဆာလက်ဘက်က အနာဂတ်နှင့်ပတ်သက်ပြီး စဉ်းစားနေဆဲ ဖြစ်ပြီး တစုံတရာဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။

image