1 ရက် - ဘာသာပြန်ပါ။

အရွယ်ရောက်ပြီးသူများသာ အသုံးပြုခွင့်ရှိတဲ့ OnlyFans တွင် ပရိသတ်တွေရဲ့ ဆန်းပြားတဲ့တောင်းဆိုမှုခံနေရတဲ့ ရော်နယ်ဒိုရဲ့ ချစ်သူဟောင်း
===============

ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုရဲ့ ချစ်သူဟောင်းမီချယ်လီအူမီဇူဟာ အရွယ်ရောက်ပြီးသူများသာ အသုံးပြုခွင့်ရှိတဲ့ OnlyFans တွင် အကောင့်ဖွင့်လှစ်လာပြီးနောက် ဆန်းပြားတဲ့ တောင်းဆိုမှုများနှင့် ကြုံနေရပါတယ်။

ရော်နယ်ဒိုနှင့် အူမီဇူတို့ဟာ ၂၀၀၂ ကမ္ဘာ့ဖလားတွင် တွေ့ဆုံချစ်ကြိုက်ပြီးနောက် အသက် ၂၀ နှစ်အရွယ် အလက်ဇန္ဒားအမည်ရှိ သားတစ်ဦး ထွန်းကားထားပါတယ်။

အူမီဇူဟာ ဝိတ်တာအဖြစ် အလုပ်လုပ်နေစဉ် ရော်နယ်ဒိုနှင့် တွေ့ဆုံခဲ့တာ ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကိုယ်ကာယအလှမယ်အဖြစ် အလုပ်လုပ်လာခဲ့ပါတယ်။ ယခုအခါ သူမဟာ OnlyFans တွင် အကောင့်ဖွင့်လှစ်လာပြီ ဖြစ်ပါတယ်။

သူမဟာ ပြီးခဲ့တဲ့လတုန်းက ယင်းဝက်ဘ်ဆိုက်တွင် အကောင့်ဖွင့်လှစ်လာတာ ဖြစ်ပြီး ထူးဆန်းတဲ့ တောင်းဆိုမှုများ ခံလာရပါတယ်။

သူမက "ခန္ဓာကိုယ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ အများကြီး တောင်းဆိုခံရတယ်။ အထူးသဖြင့် ကျော၊ ခြေထောက်နဲ့ ခြေချောင်းတွေကို တိကျတဲ့ ရှုထောင့်က ရိုက်ထားတဲ့ ဓာတ်ပုံတွေ တောင်းဆိုခံရတယ်။ ပြီးတော့ အထူးအကောင့်၊ သီးသန့် ဓာတ်ပုံတွေကလည်း တောင်းဆိုမှု ရှိတယ်။ တချို့ တောင်းဆိုမှုတွေက ထူးဆန်းတယ်။ တချို့ဆို ပုံမှန်မဟုတ်ဘူး။ တောင်းဆိုမှုတိုင်းကို အထူးဂရုထားပါတယ်။ အားလုံးကို မလိုက်လျှောပါဘူး။ သက်တောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိ ရှိနေဖို့က ကျွန်မရဲ့ ရှင်းလင်းပြတ်သားတဲ့ ကန့်သတ်ချက်တွေပါ"လို့ ပြောကြားသွားပါတယ်။

မီချယ်လီဟာ မတ်လတုန်းက OnlyFans တွေ ပြုလုပ်ခဲ့တာပါ။ သူမဟာ အချိန်ကြာမြင့်စွာ စဉ်းစားပြီးတော့မှလည်း OnlyFans တွင် အကောင့်ဖွင့်ရန် ဆုံးဖြတ်ခဲ့တာပါ။

ဆက်လက်ပြီး သူမက "ဝေဖန်မှုတွေ ခံရတယ်။ အခုလည်း ခံနေရတုန်းပဲ။ ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြသတဲ့အခါ ဒါမျိုးတွေက မလွဲမသွေ ကြုံရမှာပဲလေ။ အစကတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အခုတော့ စီစစ်တတ်လာပြီ။ ဒါတွေကို လျစ်လျူရုပြီး ကိုယ်လုပ်ရမယ့်အရာကိုပဲ အာရုံစိုက်တယ်။ ဒါကြောင့်လည်း ပိုသန်မာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မြင့်လာတယ်"လို့ ပြောကြားသွားပါတယ်။

image