1 ရက် - ဘာသာပြန်ပါ။

တိုင်နီဝယ်ယာဒါဘီ လူမျိုးရေးခွဲခြားမှုအား စုံစမ်းစစ်ဆေးပြီးနောက် လူတစ်ဦးကို ဖမ်းဆီးလာ
==================
လူတစ်ဦးဟာ ပြီးခဲ့တဲ့လတုန်းက စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းတွင် ကစားတဲ့ တိုင်နီဝယ်ယာဒါဘီပွဲစဉ်အတွင်း ကစားသမားတစ်ဦးကို တိုက်ရိုက်လူမျိုးရေးခွဲခြားမှု ပြုလုပ်မှုအတွက် ဖမ်းဆီးထိန်းသိမ်းခြင်းခံလာရပါတယ်။

နယူးကာဆယ်နှင့် ဆန်းဒါးလန်းတို့ ကစားတဲ့ပွဲစဉ်တွင် ဧည့်သည်အသင်းကစားသမားလပ်ရှာရယ်ဂီထရူဒါကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့မှုကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။

ဒိုင်လူကြီးအန်တိုနီတေလာဟာ ဒုတိယပိုင်း အစောပိုင်းတွင် လူမျိုးရေးခွဲခြားမှုရှိကြောင်း သတင်းပို့ခြင်းခံရပြီးနောက် ကွင်းအတွင်း လူမျိုးရေးခွဲခြားမှုပပျောက်ရေးစည်းမျဉ်းစည်းကမ်းအရ ပွဲကို သုံးမိနစ် ရပ်ဆိုင်းခဲ့ပါတယ်။

ယခုအခါ နော့သမ်ဘရီယာရဲတပ်ဖွဲ့က အထက်ပါ အဖြစ်အပျက်အား ကျူးလွန်ခဲ့တယ်လို့ ယူဆရသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့ကြောင်း၊ အာမခံဖြင့် ပြန်လည်လွှတ်ပေးထားကြောင်း အတည်ပြု ကြေညာလာပါတယ်။

အဆိုပါပွဲစဉ်တွင် ဒိုင်လူကြီးအန်တိုနီတေလာဟာ နှစ်ဖက်နည်းပြများ၊ ဒတ်ချ်နောက်ခံလူဂူထရီဒါ၊ ဇာခါတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပွဲကို ပြန်လည် စတင်ခဲ့ပါတယ်။

အဆိုပါပွဲအပြီးတွင် နှစ်ဖက်အသင်းတို့က ကွင်းအတွင်း လူမျိုးရေးခွဲခြားမှုအား အပြင်းအထန်ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါတယ်။

image